arc 8.10 Rhiyo Max (final)

6.3K 613 22
                                    

❤Unicode

"အချစ်!''

"မက်စ်!''

"ဝုန်း!''

တစ်ပြိုင်တည်းထွက်လာတဲ့အသံတွေအဆုံးမှာ ဂျက်ဖရီက ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ လဲကျနေပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ ရှောင်းကျန့်က ေဇးရဲ့ရင်ခွင်ထဲမှာ ထွေးပွေ့ခြင်းခံထားရပြီး ဇက်က ဂျက်ဖရီရဲ့နားထင်ပေါ်ကို ​​သေနတ်နဲ့ချိန်ထား၏။

"ဂျက်ဖရီ မင်းကိုသည်းခံနေတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲ၊ အရှင်လတ်လတ် ငရဲကျတဲ့ခံစားချ​က်ကိုမကြုံချင်ရင် limit ကိုကျော်မလာနဲ့''

ေဇးဆီကထွက်လာတဲ့ အေးစက်စက်အရှိန်အဝါနဲ့ စကားလုံးတွေကြောင့် အခန်းထဲမှာရှိတ့ဲ လူတွေအကုန်လုံး ကျောရိုးထဲထိ အေးစိမ့်သွားရသည်။ ဒုခေါင်းဆောင်က ဂျက်ဖရီထက်သွေး​ေအးပြီး ရက်စက်တယ်ဆိုတာ သူတို့အသိဆုံးပင်။

"ထွီ! ဟက်! ေဇး မင်းကအခုမှတွေ့တဲ့လူတစ်ယောက်အတွက်န့ဲ အချိန်တွေအကြာကြီး လက်တွဲခဲ့တဲ့ငါ့ကို စွန့်လွှတ်မယ်ပေါ့''

ဂျက်ဖရီက ပါးစပ်ထဲမှာကျန်နေတဲ့ သွေးအနည်းငယ်ကို ဖွီးခနဲထွေးထုတ်ပြီး ခနဲ့တဲ့တဲ့ပြောလာ၏။

"ဒီမှာ ခင်ဗျားမှာအရှက်ရောရှိသေးရဲ့လား၊ ခင်ဗျားကြောင့်သာမဟုတ်ရင် အခုလို ကပ်ရောဂါဆိုးကြီးနဲ့ကြုံပြီး လူတွေဒုက္ခရောက်ရမှာမဟုတ်ဘူး၊ အရာအားလုံးက ခင်ဗျားကြောင့်ဖြစ်လာတာချည်းပဲ''

ဇက်ရဲ့စကားကြောင့် အကုန်လုံးက ဂျက်ဖရီကို နှာခေါင်းရှုံ့ကုန်ကြသည်။

"ဂျက်ဖရီ မင်းလုပ်ခဲ့တဲ့အရာတွေက ခွင့်လွှတ်ပေးဖို့မထိုက်တန်ဘူး အဲ့အတွက် တန်ရာတန်ကြေးကို မင်းပေးဆပ်ရမယ်''

"ဘာ! တန်ရာတန်ကြေးပေးဆပ်ရမယ် ဟုတ်လား? ဟက်! ဟာသပဲ ငါကမင်းတို့လက်ထဲမှာ အသေခံမယ်ထင်နေလား''

ဂျက်္ဖရီက သူ့စကားဆုံးတာနဲ့ လျှာကိုက်ကာ သတ်သေဖို့ကြိုးစားတော့သည်။

'Bunny သူ့ကိုမသေစေနဲ့'

'Yes host'

Bunny ရဲ့စနက်ကြောင့် သတ်သေလို့မရတဲ့ဇာတ်လိုက်က ဒေါသတကြီးအော်ဟစ်တော့သည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now