arc 6.5 ဂန်ဂျွန်ဟီး

6.8K 796 53
                                    

❤Unicode

"ထယ်ဂျူ''

"ဟင်''

"ဒီမှာကြည့်ကြည့်''

ရှောင်းကျန့် သူ့ရဲ့ laptop folder ထဲက bunny ပို့ပေးထားတဲ့ video file တစ်ခုကို ထယ်ဂျူဆီပြလိုက်သည်။ ထိုဗီဒီယိုဖိုင်ထဲမှာ ရှင်းဘီရဲ့ လူသတ်ပုံသတ်နည်းအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။

ရှင်းဘီရဲ့ဆွဲကြိုးထဲက ကျောက်ကလေး ထွ​က်ကျကျန်ခဲ့တာကအစ ဗီဒီယိုထ​ဲမှာပါသည်။

"ဂျွန်ဟီး ဒီဗီဒီယိုနဲ့ဆို ကိုယ်တို့ သူ့ကိုဖမ်းဝရမ်းထုတ်ဖို့အတွက် သက်သေကပြည့်စုံတာထက်ကိုပိုနေပြီ''

ထယ်ဂျူက ဗီဒီယိုကို သေချာကြည့်ပြီး ပြောလာသည်။ ရှောင်းကျန့်ကလည်း သူလုပ်ရမယ့်လုပ်ငန်းစဥ်တွေကို ခေါင်းထဲမှာ တစ်ခါတည်း plan ချထားပြီးပြီ။

"အဲ့ဒါဆို ထယ်ဂျူကပဲ ရဲမှူးကြီးဆီမှာ ဝရမ်းတောင်းပေးနော်''

"အင်း ကိုယ်လုပ်လိုက်မယ်''

ထယ်ဂျူက ရှောင်းကျန့်ရဲ့ laptop ကိုယူကာ ရဲမှူးကြီးဆီ ထထွက်သွားသည်။ ရှောင်းကျန်လည်း ဘာမှမပြောတော့ဘဲ ဒီတိုင်းသာနေလိုက်၏။

'Bunny အခု ရှင်းဘီဘာလုပ်နေလဲ'

'သူ့အဖေကို ဂိုဏ်းနာမည်သုံးပြီးသတ်လိုက်လို့ Black က Training Zone ထဲပို့လိုက်တယ်၊ အဲ့မှာဆို အနည်းဆုံး ၂ နှစ်လောက်ကြာမှ ပြန်ထွက်လာနိုင်မှာ'

'ဘာလဲ Training Zone ဆိုတာ'

'ငတုံးလို့ပြောရင်လည်း ဘဝင်ကမြင့်ဦးမယ်၊ Training Zone ဆိုမှတော့ လေ့ကျင့်တဲ့နေရာပေါ့၊ အဲ့မှာလေ့ကျင့်ပေးတဲ့သူတွေက ရှယ်ကြမ်းတာ ဇာတ်လိုက်မတော့ အီနေမှာပဲ'

Bunny ရဲ့စကားကို ရှောင်းကျန့်က ခေါင်းငြမ့်လို့နားထောင်နေလိုက်သည်။

'ဒါနဲ့ ဇာတ်လိုက်က ဇာတ်လိုက်မကို မကြိုက်သေးဘူးလား၊ မူလဇာတ်ကြောင်းအရဆို ကြိုက်သင့်နေပြီမဟုတ်ဘူးလား'

'အင်း မကြိုက်သေးဘူး၊ ဒါပေမယ့် ရှင်းဘီ Training Zone ထဲကပြန်ထွက်လာရင် ဂိုဏ်းမှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်'

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now