arc 10.9 လွမ်းတစေမောင်(final)

5.9K 433 12
                                    

❤Unicode

အခုဆို ရှောင်းကျန့်တစ်ယောက် ကုတင်ပေါ်မှာလှဲနေရတာ ၅ ရက်ရှိနေပြီဖြစ်သည်။ အခြေအနေတွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေလေသည်။ ဥက္ကာလျှမ်းထက်ကတော့ ပြန်ပေးဆွဲမှု၊ လူသတ်ရန်ကြံစည်မှုနဲ့ ထောင် ၁၂ နှစ်ကျသွားလေသည်။

"သားရှိုင်း သားလည်းနားပါဦးကွယ် အလွမ်းလေးကမကြာခင်သတိရလာတော့မှာပါ ဒီလိုနဲ့ကြာလာရင် သားအိပ်ယာထဲလဲသွားလိမ့်မယ်"

အလွမ်းရဲ့အမေက ဆေးရုံခန်းထဲဝင်လာရင်း ရှိုင်းကိုနှစ်သိမ့်နေလေသည်။ အလွမ်းဆေးရုံရောက်ကတည်းက ကောင်းကောင်းမအိပ်၊ ကောင်းကောင်းမစားတာကြောင့် ရှိုင်းကအတော်ကိုပိန်ကျသွားသည်။

"ရပါတယ်အန်တီ ကျွန်တော်ဘာမှမဖြစ်ပါဘူး..အချစ်ပြန်သတိရလာမှ ကျွန်တော်စိတ်အေးလက်အေးနေနိုင်မှာမို့ပါ"

"ခက်တာပဲသားရှိုင်းရယ် အလွမ်းလေးနိုးလာရင်တော့ သားကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတော့မှာပဲ"

အလွမ်းရဲ့‌အမေက သက်ပြင်းချရင်း ပါလာတဲ့ထမင်းချိုင့်ကို စားပွဲပေါ်တင်ကာ ဖွင့်နေ၏။

"ထမင်းလေးနည်းနည်းတော့စားလိုက်ပါဦးကွယ် နော်သားရှိုင်း"

"ဟုတ်ကဲ့ပါအန်တီ"

ရှိုင်းလည်း အန်တီရဲ့စေတနာကို ငြင်းရမှာအားနာလာတာကြောင့် စိတ်ကျေနပ်အောင် ချိုင့်ထဲကထမင်းတွေကို မစားချင်ပေမယ့် စားပေးလိုက်ရသည်။ ပြီးတဲ့နောက် အန်တီက သူ့ကိုအိမ်ပြန်နားရန်ပြောပြန်သည်။

"အိမ်ကိုတော့မပြန်တော့ပါဘူးအန်တီ ဒီမှာပဲနားလိုက်ပါ့မယ် အချစ်ကို စိတ်မချလို့ပါ"

"ဟင်း သဘောပါပဲကွယ် ဒါဆိုလည်း သားနားလိုက်ဦးပေါ့ အန်တီအလွမ်းလေးကို စောင့်ကြည့်ပေးထားမယ်"

"ဟုတ်ကဲ့အန်တီ"

ရှိုင်း အန်တီရှိနေတာကြောင့် အလွမ်းရဲ့ဘေးနားက ကုတင်အသေးလေးပေါ်မှာ လှဲကာနားလိုက်သည်။ အိပ်ရေးပျက်ထားတာတွေ များနေတာကြောင့် ခဏလေးနဲ့အိပ်ပျော်သွားလေသည်။

တစ်ဖက်မှာလည်း အိပ်မက်ကလျာတစ်ယောက် အလွမ်းကိုရှင်းပစ်ဖို့ အကြံထုတ်နေလေသည်။ သူနာပြုတွေကို လာဘ်ထိုးပြီးသတ်ခိုင်းဖို့အကြံပဲ သူ့ရဲ့ခေါင်းထဲရောက်ရောက်လာသည်။ သို့ပေမယ့် သိပ်တော့မလွယ်ကူပေ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now