arc 6.1 ဂန်ဂျွန်ဟီး

11.3K 921 85
                                    

❤Unicode

"System space ကနေပြန်လည်ကြိုဆိုပါတယ် host၊ အနားယူဦးမှာပါလား''

"အင်း ငါခဏလောက်နားချင်တယ်''

"ဒါဆိုရင် နားလုိက်ပါ host၊ host နိုးလာတဲ့အချိန်ကျမှပဲ နောက်ထပ်ကမ္ဘာဆီသွားကြတာပေါ့''

ရှောင်းကျန့် bunny ကိုခေါင်းငြိမ့်ပြပြီး နေရာမှာတင်လှဲချလိုက်သည်။ သူလှဲချပြီး ခဏအကြာမှာပဲ အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားတော့သည်။

"Bunny''

"အရှင့်ကို အရိုအသေပေးပါတယ်''

"အင်း''

အနက်ရောင်တွေချည်းဝတ်ဆင်ထားတဲ့ထိုလူက bunny ကိုခေါင်းငြိမ့်ပြပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရှောင်းကျန့်အနားမှာ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် ရှောင်းကျန့်ကို ညှင်သာစွာပွေ့လိုက်ပြီး သူ့ရင်ခွင်ထဲမှာ အိပ်စေလိုက်သည်။

"ဒီတစ်ခါပို့မယ့်ကမ္ဘာက အရမ်းအရေးကြီးတာသိတယ်မလား bunny''

"ကျွန်တော်သိပါတယ် အရှင်''

"အချစ်ကိုသေချာစောင့်ရှောက်ပေးပါ..ပြီးတော့ ဘာကအရေးအကြီးဆုံးလဲဆိုတာ..''

"စိတ်ချပါအရှင်..bunny က ဂျင်းထည့်တဲ့နေရာမှာ အတော်ဆုံးဆိုတာ အရှင်သိပါတယ်''

"အင်း''

အနက်ရောင်ဝတ်ရုံနဲ့လူက သူ့ရင်ခွင်ထဲကရှောင်းကျန့်ကို အချစ်တွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်ရင်း နဖူးလေးကို အမြတ်တနိုးငုံ့နမ်းလိုက်သည်။

"အချစ်က မကြာခင်နိုးလာလိမ့်မယ်..လိုအပ်တာတွေအကုန်ကူညီပေးလိုက်..ငါသွားတော့မယ်''

"ဟုတ်ကဲ့ပါ အရှင်''

ထိုလူက ပြောပြီးတာနဲ့ ရှောင်းကျန့်ကိုဖက်တွယ်ထားရာကနေ ပျောက်ကွယ်သွားတော့သည်။

နွေးထွေးတဲ့အထိအတွေ့လေးပျောက်ကွယ်သွားတာနဲ့ ရှောင်းကျန့်ရဲ့မျက်လုံးတွေဟာ မှိတ်ထားရာကနေ ပွင့်ဟလာသည်။ သူမျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက သူ့အရှေ့မှာ ပန်းသီးထိုင်စားနေတဲ့ ယုန်နားရွက်နဲ့ ၁ နှစ်အရွယ်ကလေးလေးတစ်ယောက်..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now