arc 3.5 ရှီးယွဲ့လျန်

10K 1K 88
                                    

❤Unicode

"ကျိုးရိရန်....ရိရန်လေးလား..အားးးးးး ငါမရတော့ဘူး..ချက်ချင်းသွားနမ်းပစ်ချင်လာပြီ..အီးးးး''

လျှို့ဝှက်ကင်မရာကိုကြည့်ပြီး စာအုပ်ကိုပါးစပ်နဲ့ကိုက်လို့ တအီအီဖြစ်နေတဲ့ host ဖြစ်သူကို bunny လေးမျက်စောင်းထိုးလိုက်တယ်။

'ဟိုက ကလေးပဲရှိသေးတာနော်..သက်ငယ်မုဒိန်းမှုတွေဖြစ်ကုန်မယ်..အိ​န္ဒြေလေးဘာလေးထိန်းပါဦး'

'မနာလိုဖြစ်နေတာမလား..bunny စုတ် သူများပျော်ရွှင်နေတာကို FA တွေကအဲ့လိုပဲ..သောက်ကျင့်ကိုမကောင်းဘူး'

'ဒီဖေ...'

Bunny ခင်ဗျာ သူ့ကိုလာနှိမ်နေတဲ့ host ကို ဆဲပစ်လိုက်ချင်ပေမယ့်  သူကအလိမ္မာတုန်းလေးမို့ ဆန္ဒကိုသိက္ခာနဲ့ထိန်းလိုက်တယ်။ ဒီ host ရိုင်းသလို bunny လေးလိုက်မရိုင်းနိုင်ဘူး။

'Bunny လေး ငါ့ကိုရိရန်အကြောင်းစုံစမ်းပေး'

'ခိုင်းစရာရှိရင်တော့သတိရပြီမလား..ဒီက bunny က လိုသုံးသာသာပါပဲ'

ဖင်ခါပြီးထွက်သွားတဲ့ bunny ​ကို ရှောင်းကျန့်အနောက်ကနေပြေးကန်ပစ်ပလိုက်ချင်တယ်။ bunny စုတ်က တအားစကားများတာပဲ..။ ရှောင်းကျန့် bunny ကိုပလစ်လိုက်ပြီး ကင်မရာထဲမှာပေါ်နေတဲ့ green tea ဘူးလေးကိုနမ်းလို့ သူ့ရဲ့စားပွဲပေါ်တင်လိုက်တဲ့ရိရန်ကို ပြုံးပြုံးကြီးကြည့်နေမိတယ်။ ရိရန်ကို ညာတာပါတေးန့ဲ နမ်းကြည့်ဖို့ပဲကျန်တော့တယ်။

"ဆရာ! လုပ်ပါဦး A ခန်းကကောင်တွေ ကျိုးရိရန်ကို ဝိုင်းထိုးနေကြတယ်''

"ဘာ! ဘယ်မှာလဲ အခုသွားမယ်''

ရှောင်းကျန့် ကျောင်းသားလေးလာခေါ်တဲ့နောက်ကို အမြန်လိုက်သွားနေမိတယ်။ ရိရန်ကဆင်းရဲတာမို့ သူဌေးသားအများစုကအနိုင်ကျင့်ချင်ကြတယ်။ အရင်က သူဘာမှဝင်မ​ပြောခဲ့ပေမယ့် အခုတော့မရတော့ပေ။ တကယ်လို့ ရိရန်သာ သူ့လူကြီးဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးတွေက သူ့ရဲ့စိုးရိမ်စိတ်ကို ပိုပြီးမြင့်တက်စေတယ်။

ရှောင်းကျန့်ရောက်သွားတော့ ရိရန်ကို တခြားကျောင်းသားနှစ်ယောက်က တစ်ဖက်စီချုပ်ထားပြီး နောက်တစ်ယောက်က ရိရန်ရဲ့ဗိုက်နားကိုထိုးလိုက်တာကို တွေ့လိုက်ရတယ်။ ရိရန်ရဲ့မျက်နှာမှာလည်း ဒဏ်ရာတွေမှနည်းတာမဟုတ်ဘူး။ ရှောင်းကျန့် ထိုအနားကို အမြန်ပြေးသွားလိုက်တယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now