arc 9.8 ပန်စူးလျဲ့

6.2K 601 44
                                    

စာလုံးပေါင်းမစစ်ထားလို့ မှားရင်သည်းခံပေးပါနော်

❤Unicode

စုနော်ကျိုက်တစ်ယောက် ဘေးနားမှာရှိတဲ့ခဲလုံးနဲ့ တွေ့တဲ့နေရာကို ကောက်ပေါက်ပစ်လိုက်သည်။

အဲ့ဒီပန်စူးလျဲ့က သူမထက်ဘာသာနေလို့ ကျောက်ပန်ခေါ့ရော ချန်ခုန်းနန်ရောက တန်းတန်းစွဲဖြစ်နေရတာလဲ။ အမှန်ဆို သူမလိုမိန်းမလှလေးကမှ အစစအရာရာ သာလွန်နေရမှာလေ။ သူမကိုပဲ စွဲလန်းနေကြရမှာကိုလေ။

စုနော်ကျိုက် သူမရဲ့ဒေါသတွေကို ဖောက်ခွဲပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။

"ဟက်! ဘာပဲပြောပြော ဒီပြိုင်ပွဲမှာနင်ရှုံးပြီး စုနော်ကျိုက်ဆိုတဲ့ငါက နင့်ထက်သာတယ်ဆိုတာ လူတကာသိအောင်လုပ်ပြမယ် ပန်စူးလျဲ့''
......
ယောက်ျားသားတွေ ယှဥ်ပြိုင်ပြီးတဲ့အခါမှာတော့ ကောတွေနဲ့ မိန်းကလေးတွေအလှည့် ရောက်လာတော့သည်။

"အချစ် ပြိုင်ပွဲမှာ ထိခိုက်ဒဏ်ရာလုံးဝမရစေနဲ့နော် ဖြစ်နိုင်ရင် အစကတည်းက မြန်မြန်အဆုံးသတ်လိုက်''

"အင်းပါ ကျွန်တော်သိပါတယ် ပြိုင်ပွဲမှာ ကျွန်တော်တစ်ယောက်တည်းကိုပဲ ကြည့်နေနော် တခြားလူတွေဆီ အကြည့်ရောက်သွားလို့ကတော့ ခင်ဗျားအသေပဲ''

"ဟုတ်ကဲ့ပါဗျာ အချစ်တစ်ယောက်တည်းဆီမှာပဲ ကိုယ့်ရဲ့အကြည့်တွေကို ကျောက်ချထားပါ့မယ် ဟုတ်ပြီလား''

"အွန်း''

"မွစ်! သွားတော့ ပြိုင်ပွဲစတော့မယ် ကြိုးစားထားအချစ်''

ပန်ခေါ့က စူးလျဲ့ရဲ့နဖူးလေးကို အနမ်းခြွေကာ အားပေးလိုက်သည်။

"အင်း ဒါဆို အချစ်သွားပြီ''

ရှောင်းကျန့် ပန်ခေါ့ကိုနှုတ်ဆက်ပြီး သူ့ရဲ့နံပါတ်စဥ်နေရာမှာ သွားထိုင်နေလိုက်သည်။ ဇာတ်လိုက်မကိုကြည့်လိုက်တော့ သူ့ကို ကျေနပ်နေတဲ့အပြုံးကြီးနဲ့ ကြည့်နေသည်။

"ဟက်! ကိုယ့်သေတွင်းကိုယ်တူးချင်နေတာပဲ''

ခဏနေတော့ စီစဥ်ကြီးကြပ်သူက ပြိုင်ပွဲစည်းကမ်းတွေကို ပြန်ဖတ်ပြပြီးနောက် ပြိုင်ပွဲစတင်တော့သည်။ ၃ ပွဲပြိုင်ပြီးတဲ့နောက်မှာတော့ စုနော်ကျိုက်အလှည့်ကို ရောက်လာလေသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now