arc 2.7 ကူရာ

11K 1K 51
                                    
❤Unicode

"ဒုန်း! ခွမ်း!''

"တောက်! အဲ့ကောင်ကဘာမို့လို့လဲ..အဲ့ကောင်ကဘာမို့လို့ ငါလိုချင်တာတွေအကုန်လုံးကို လွယ်လွယ်ကူကူနဲ့ရနေရတာလဲ''

ဟန်နာတစ်ယောက် သူမအခန်းထဲမှာပေါက်ကွဲနေမိတယ်။ သူမကြံစည်လိုက်တိုင်း မအောင်မြင်တာတွေ၊ သူမကိုမဲ့ပြုံးနဲ့ပြန်ကြည့်တတ်တဲ့ အဲ့ကောင်ရဲ့အထင်သေးတဲ့အကြည့်တွေ၊ ဒါတွေက သူမရဲ့ဒေါသကို ပိုပြီးလောင်မြိုက်စေတယ်။

ဟာရာရဲ့ အဲ့ကောင်အပေါ် ဂရုစိုက်မှုတွေ၊ ပြီးတော​့ ဟာရာရဲ့အဆောင်ရှေ့မှာ မက်မက်မောမောနမ်းရှိုက်နေကြတဲ့မြင်ကွင်းတွေကို ပြန်မြင်လာတိုင်း သူမထိုကောင်ကို လူ့လောကထဲကနေပါ ဖယ်ထုတ်ပစ်လိုက်ချင်မိတယ်။ တကယ်လည်း ဖယ်ထုတ်ပစ်မှာ...။

"ဆရာတူအစ်မ ဂိုဏ်းချုပ်ကြီးရောက်နေပါတယ်''

ဟန်နာက အဆောင်အရှေ့က အငယ်တန်းတပည့်လေးရဲ့အသံကြောင့် အခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လာခဲ့တယ်။ ဂိုဏ်းချုပ်ကြီးက အဆောင်ရှေ့က ကျောက်စားပွဲမှာထိုင်ကာ လက်ဖက်ရည်သောက်ရင်း သူမကိုစောင့်နေဟန်..။

"ဆရာ..တပည့်ရော​က်ပါပြီ..ဆရာ့ကိုအရိုအသေပေးပါတယ်''

"ထိုင် ဟန်နာ..ဆရာမင်းကိုပြောဆရာရှိတယ်''

ဂိုဏ်းချုပ်ကြီးက သူ့ရဲ့မူပိုင်မျက်နှာတည်တည်နဲ့ပဲစကားပြောတယ်။ စကြာဂိုဏ်းရဲ့ဂိုဏ်းချုပ်က အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ အနီရောင်နဲ့​ေရွှရောင်ရောစပ်ထားတဲ့ဝတ်ရုံရှည်ကို အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး နှုတ်ခမ်းနီကို ရဲရဲနီအောင်ဆိုးထားသေးတာကြောင့် ကျက်သရေရှိလှတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now