arc 7.3 ရန်ကျော်

7.3K 838 65
                                    

❤Unicode

ရှောင်းကျန့် သူ့ဘေးနားမှာထိုင်ပြီး အမောဖြေနေတဲ့ကောင်လေးကို ခိုးကြည့်လိုက်၊ ဘယ်လိုစကားစပြောရင်ကောင်းမလဲဆိုတာ စဥ်းစားရင်း လက်သည်းကိုက်လိုက်နဲ့ ဗျာများနေရသည်။ ကောင်လေးက ေညာင်ပင်ပင်စည်ကိုခေါင်းမှီပြီး မျက်လုံးမှိတ်ထားသည်။

နဖူးမှာပေါက်သွားတဲ့ ဒဏ်ရာကလည်း သူ ကျိတ်မာန်ရွက်ခူးပြီး အရည်ညှစ်ထည်​့ပေးထားတာကြောင့် မဲနေ၏။

"ပြောစရာရှိရင်လည်းပြော ဂဏာကိုမငြိမ်ဘူး''

"အင်! မင်းမျက်လုံးမှိတ်ထားတာ မဟုတ်ဘူးလား၊ ဘယ်လိုသိတာလဲ''

'ဟိ! နှလုံးသားချင်းဆက်နွယ်နေတာပဲ ဖြစ်ရမယ်'

ရှောင်းကျန့် စိတ်ထဲကနေပြောလိုက်ပေမယ့် တစ်ဖက်ကပြန်ဖြေလာတဲ့ အဖြေအဆုံးမှာ ရှောင်းကျန့်တစ်ယောက် သွေးအန်ချင်သွားသည်။

"ခင်ဗျားတစ်ကိုယ်လုံးတွန့်လိမ်နေတာ မသိဘဲနေမလား''

"အဟမ်း! သိရင်လည်း တစ်ခုခုပြောလေကွာ၊ မင်းက ဘာမှမပြောဘဲနေတော့ ငါလည်း ဘယ်ကစကားစလို့စရမှန်း မသိဘူးလေ''

သူပြောလိုက်တော့ တစ်ဖက်က မျက်လုံးကိုမှေးကျဥ်းလို့ သူ့ကိုကြည့်လာသည်။

"ကောင်းပြီလေ ဒါဆို ခင်ဗျားဘယ်ရွာမှာနေတာလဲ''

"ဖော်လော်မော်''

"ဟင် ခင်ဗျားတို့ရွာနာမည်ကြီးကလည်း ဘယ်လိုကြီးလဲ''

"အောင်မာ ငါတို့ရွာနမည်ကိုများ၊ မင်းတို့ရွာနာမည်ကရော ပြောကြည့်စမ်းပါ''

"ဟက်! ကျွန်တော်တို့ရွာနာမည်က ခင်ဗျားတို့ရွာနာမည်ထက် လန်းတယ်ဗျ၊ မသိရင်မှတ်ထား မအော်လော်''

"ဘာကွ! မင်းမိုက်ရိုင်းလှချည်လား''

"ဟာ ကျွန်တော်ဘာမိုက်ရိုင်းလို့လဲ၊ ကျွန်တော်တို့ ရွာနာမည်ကိုပြောတာလေ မအော်လော် လို့''

ရှောင်းကျန့် သူ့ကိုအလျှော့မပေးဘဲ ငြင်းနေတဲ့ ကောင်စုတ်လေးကို မျက်စောင်းထိုးလိုက်သည်။

"ထားပါ ဒါနဲ့မင်းနာမည်ကဘာလဲ''

"ဝန်းရံပိုင် ခင်ဗျားကရော''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now