arc 8.7 Rhiyo Max

6.7K 713 43
                                    

❤Unicode

ရှောင်းကျန့် သူ့ရဲ့လက်ကလေးကိုကိုင်ကာ တမှိုင်မှိုင်တထွေထွေဖြစ်နေတဲ့ ေဇးကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်လာသည်။

'Bunny ငါသတိပြန်ရဖို့ အချိန်ဘယ်လောက်လိုသေးလဲ'

'အခုပဲ'

'ဘာ အားး'

ရှောင်းကျန့် bunny ကိုယုံကြည်မိလိုက်တဲ့ သူ့ကိုယ်သူကျိန်ဆဲချင်သွားသည်။ သူ ေဇးကိုမျက်နှာချင်းဆိုင်ဖို့ ဘာစကားလုံးတွေကိုမှ မပြင်ဆင်ရသေးပေ။ သူက သတိရလာတဲ့အချိန် ဒရာမခင်းဖို့ ကြံစည်ထားတာဖြစ်သည်။

"မက်စ် ကိုယ့်အချစ် သတိရလာပြီလား''

"အင်းးး ေဇးလား''

"ဟုတ်တယ် မက်စ် ကိုယ် ေဇးပါ၊ ခုဘယ်လိုနေသေးလဲ သက်သာလား တစ်နေရာရာက နာ​နေသေးလား''

"ကျွန်တော် အဆင်ပြေပါတယ်''

"ကိုယ်ထူပေးမယ် ဖြည်းဖြည်းထ''

ေဇး မက်စ်ရဲ့ပုခုံးလေးကနေ ထိန်းပေးကာထူရင်း ကုတင်ခေါင်းရင်းမှာ ေခါင်းအုံးလေးခုပေးပြီး မှီစေလိုက်သည်။

"ေဇး ကျွန်တော်ဘာဖြစ်သွားတာလဲ''

"အဆိပ်မိတာ''

"အဆိပ်? ဒီလိုကပ်ကြီးဖြစ်နေတာတောင် အဆိပ်မိတယ် ကျွန်တော့်ကို ဘယ်လိုလူတွေကများ အဲ့လောက်တောင်သေစေချင်နေတာလဲ ကျွန်တော် ဘာအပြစ်များလုပ်မိလို့လဲ''

ရှောင်းကျန့် မျက်နှာလေးကို ဝမ်းနည်းကြေကွဲနေတဲ့ပုံစံလေး ပြုလုပ်လိုက်သည်။ သူ့ရဲ့ပုံစံကြောင့် ေဇးဟာ လည်ပင်းကြောတွေထောင်တဲ့အထိ ဒေါသထွက်လာ၏။ ရှောင်းကျန့် ေဇးရဲ့အမူအယာကိုကြည့်ပြီး မျက်နှာလေးငယ်ထားပေမယ့် စိတ်ထဲမှာတော့ ကြိတ်ကျေနပ်နေမိသည်။

"မင်းကို ခုလိုဖြစ်အောင်လုပ်တဲ့သူကို ကိုယ်အလွတ်မပေးဘူး''

"ထားလိုက်ပါဇေး စိတ်ထဲမထားပါနဲ့ ကျွန်တော်လည်းဘာမှဖြစ်တာမှမဟုတ်တာ၊ ပြီးတော့ ခုချိန်မှာ အားလုံးက ဒုက္ခသောကကိုယ်စီနဲ့လေ၊ ကလဲ့စားမချေပါနဲ့တော့၊ ကျွန်တော် ခံရမယ့်ကံပါလို့ ခံရတယ်လို့ပဲ မှတ်လိုက်ပါ့မယ်''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now