arc 1.10 (final)

13.1K 1.2K 36
                                    

❤Unicode

"အား!!!''

ဝမ်အိမ်တော်ရဲ့အနောက်ဘက်ခြံဝန်းထဲက အိမ်တစ်လုံးထဲမှာ လူတစ်ယောက်ရဲ့ နာကျင်စွာအော်ဟစ်နေတဲ့အသံက ပဲ့တင်ထပ်လို့နေတယ်။

"နာလား..ဟမ်! လင်းလျန်ထျန်း"

"ရွှမ်း! အား!''

အမေးစကားသံနဲ့အတူ ကြာပွတ်ရိုက်ချက်တစ်ခုက လင်းလျန်ထျန်းရဲ့ကျောပြင်ပေါ်ကို ထပ်မံကျရောက်လာတယ်။ တစ်ကိုယ်လုံးသွေးတွေရဲပြီး မြင်မကောင်းလောက်အောင် စုတ်ပြတ်သတ်နေတဲ့လူက ဒီကမ္ဘာရဲ့ဇာတ်လိုက်ဆိုတဲ့  အရှိန်အဝါတွေတောင် ကွယ်ပျောက်လို့နေပြီ။

"ပျော်တယ်''

"ဘာ!''

"ဝမ်ရိပေါ်ကို အဲ့လိုဖြစ်အောင်လုပ်ရတာပျော်တယ်လို့''

"မင်းပါးစပ်ကနေ Daddy ရဲ့နာမည်ကို မခေါ်နဲ့!''

"ရွှမ်း!''

"အား!''

ကျော်ပြင်ပေါ်ကို အကြိမ်ကြိမ်ကျရောက်လာတဲ့ ကြာပွတ်ကြိမ်ဒဏ်တွေကြောင့် လင်းလျန်ထျန်း နာကျင်လွန်းလို့ သတိလစ်သွားတော့တယ်။

"မင်းကို ငါသတ်လို့မရဘူး လင်းလျန်ထျန်း Daddy အပေါ်မှာ မင်းလုပ်ခဲ့တာတွေအတွက် မင်းကိုဒီထက်မက နှိပ်စက်ဦးမှာ.. ချန်..သူ့ကိုဆေးကုပေးထားလိုက်''

"ဟုတ်ကဲ့''

ကြာပွတ်ကိုပစ်ချလို့ အိမ်ထဲကနေထွက်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ချန်သက်မောချမိတယ်။ အခုလည်း Boss ဆီကိုသွားပြန်ပြီထင်တယ်။

ရှောင်းကျန့်ဆေးရုံထဲခြေချလိုက်တာနဲ့ သူ့ကိုဝိုင်းငမ်းနေကြတဲ့ သူနာပြုမလေးတွေကို အဖက်မလုပ်နိုင်ဘဲ ဆေးရုံရဲ့ VIP ခန်းထဲကိုသာ တန်းသွားလိုက်တယ်။ အရင်ကလို ကိုယ့်ရုပ်ရည်ကိုယ်လည်း ဂုဏ်မဆာနိုင်တော့ဘူး။အခန်းထဲရောက်တော့ Daddy က ကုတင်ပေါ်မှာ အေးအေးဆေးဆေးအိပ်စက်လို့။

အဲ့နေ့က Daddy က ခေါင်းကိုထိခိုက်မှု ပြင်းထန်တာကြောင့် ကိုမာဝင်သွားခဲ့တယ်။အခုဆို သုံးလတောင်ရှိရောပေါ့။ ဒီသုံးလအတွင်းမှာ ရှောင်းကျန့်က ရိပေါ်အစား ကုမ္ပဏီအလုပ်တွေလုပ်ပေးနေရတယ်။ အလုပ်လုပ်နေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေအားလုံးက ရိပေါ်အနားမှာသာ သူအမြဲရှိနေတတ်တယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now