arc 5.12 လျိုရှစ်ယင်း

7.5K 916 52
                                    

❤Unicode

ရှောင်းကျန့် ဒီကမ္ဘာကိုရောက်တာ ၂ နှစ်ရှိပြီဖြစ်သည်။ သူတိုလင်လင်နှစ်ယောက်နဲ့ ဖော့စ်ရဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် ရှောင်းကျန့် အိမ်ရှေ့စံသက်တမ်း တစ်နှစ်ခွဲအတွင်းမှာ ဂိုပြည်ဟာ နံပါတ်တစ် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လို့နေပြီ..။

"လျိုတိုင်းပြည်က အိမ်ရှေ့စံနန်းတက်ပွဲကို တက်ရောက်ချီးမြှင့်ဖို့အတွက် ဖိတ်ကြားထားပါတယ် မင်းကြီး''

အမတ်တစ်ယောက်ရဲ့ လျှောက်တင်ချက်ကြောင့် ပုလ္လင်ပေါ်မှာ အိပ်ငိုက်နေတဲ့ ရှောင်းကျန့်ရဲ့မျက်လုံးတွေ အရောင်လတ်သွားရသည်။

"လျိုအိမ်ရှေ့စံက နန်းတောင်တက်ပြီလား..အင်းလေ လျိုမင်းကြီးကလည်း အသက်ကြီးနေပြီပဲ နောက်ထပ်ဘာအကြောင်းတင်ပြစရာရှိသေးလဲ''

"လျိုတိုင်းပြည်က ကျွန်တော်တို့ဂိုတိုင်းပြည်နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းလာပါတယ်မင်းကြီး''

"ဟက်! ငြိမ်းချမ်းရေးစာချုပ် ဟုတ်လား? ဘဲလီးပဲရမယ်''

ထိုစကားကတော့ ရှောင်းကျန့်ပြောလိုက်ခြင်းဖြစ်သည်။ သူ့စကားကိုကြားတော့ ဖော့စ်အပါအဝင် အမတ်တွေအကုန် ပြုံးစိစိဖြစ်ကုန်သည်။ ဒီအိမ်ရှေ့စံလေးက လျုိတိုင်းပြည်ဆိုတာနဲ့ ဝါးလုံးကို ချေးသုတ်ပြီးရမ်းနေကျဆိုတာ သူတို့သိကြသည်လေ..။

ဖော့စ်က အ​ကြောင်းစုံသိထားသူမို့ ဒီကိစ္စကို ရှစ်ယင်းနဲ့သာလွှဲလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဒီကိစ္စကို အိမ်ရှေ့စံကပဲ ကိုင်တွယ်ပေးပါဦး''

"ဟွန့် သေချာကိုင်တွယ်ပေးမယ် စိတ်ချ''

ရှောင်းကျန့် ဖော့စ်ကို လူယုတ်မာပြုံးနဲ့ ပြန်ဖြေလိုက်သည်။

တွေ့ကြပြီပေါ့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မရယ် ဟက်ဟက်..။

ရှောင်းကျန့် ဇာတ်လိုက်နှစ်ယောက်နဲ့ ပြန်တွေ့ရတော့မှာမို့ အူမြူးနေသည်။ ထိုနှစ်ယောက်ကို ဒုက္ခပေးဖို့ သူမစောင့်နိုင်တော့ဘူး..။
.........
"အချစ် အားလုံးအဆင်သင့်ဖြစ်ပြီ သွားရအောင်''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now