arc 2.9 ကူရာ

10.2K 999 57
                                    

❤Unicode

သုံးနှစ်တစ်ခါကျင်းပတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းပေါင်းပြီးပြုလုပ်တဲ့သိုင်းပြိုင်ပွဲက ဒီနှစ်မှာတော့ အရိပ်ဂိုဏ်းမှာကျင်းပဖို့အလှည့်ကျတယ်။ ဒီကနေ့ကစတင်ပြီး ယှဥ်ပြိုင်ကြမှာမို့ ပြိုင်ပွဲကျင်းပမယ့်နေရာမှာ လူတွေတော်တော်များများရောက်နေကြပြီ။

ပြိုင်ပွဲမစခင် တစ်ပတ်အလိုကတည်းက ကိုယ့်ရဲ့ပြိုင်ဘက်တွေရဲ့နာမည်စာရင်းကို ထုတ်ပေးထားပြီးသားမို့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီက အနိုင်ယူဖို့ပြင်းပြနေကြတယ်။

ဂိုဏ်းအသီးသီးရဲ့ဂိုဏ်းချုပ်တွေက ပွဲကြည့်စင်ပေါ်က သီးသန့်ပြုလုပ်ပေးထားတဲ့နေရာမှာ ထိုင်နေကြတယ်။ ပြိုင်ပွဲဝင်တွေကိုတော့ နံပါတ်စဥ်အလိုက် ယှဥ်ပြိုင်ရမယ့် စင်ရဲ့တစ်ဖက်တစ်ချက်စီမှာ ဂိုဏ်းအလိုက်နေရာချပေးထားတယ်။

ရှောင်းကျန့်က ဟာရာကိုကြည့်ပြီးအတွေးများနေရတယ်။ ဘာလို့ဆို ဟာရာရ​ဲ့မျက်လုံးတွေက စကြာဂိုဏ်းက ဇာတ်လိုက်မဟန်နာဆီရောက်နေလို့ပဲဖြစ်တယ်။ ဇာတ်လိုက်မကိုလှမ်းကြည့်လိုက်တော့လည်း ဟာရာကိုမျက်တောင်မခတ်တမ်းကြည့်နေပြီး အထာတွေလွှတ်ပေးနေတာကြောင့် အန်ချင်သွားတယ်။ ဒီလိုမျိုးရွံစရာတွေကို သူ့ရဲ့နှလုံးသားနုနုလေးက ခံနိုင်ရည်မရှိဘူး။

"ဟာရာ..ကျွန်တော်ကိုဘေးနားထားပြီး အဲ့ကောင်မကိုမျက်တောင်မခတ်တမ်းကြည့်နေတာတော့ မဟုတ်သေးဘူးနော်''

ရှောင်းကျန့်က ဟာရာကိုအမြင်ကပ်လာတာကြောင့် ရွဲ့စောင်းပြီးပြောလိုက်တယ်။ ကိုယ်တစ်ယောက်တည်း သဝန်တွေလွှတ်တိုနေရတာ အဆင်ပြေမနေဘူး။

သူပြောလိုက်တော့ သူ့ရဲ့လက်ကလေးကိုကိုင်ပြီး နမ်းလိုက်တဲ့ဟာရာကြောင့် ခေါင်းကိုဂွက်ခနဲနေအောင် ခေါက်ပစ်လိုက်တယ်။ လူကြားထဲမှာရွထနေတာ အဲ့ဒီလူကြီးက..။

"အချစ်ရယ် ကိုယ်က အချစ်နဲ့ပြိုင်ရမယ့်သူဆိုတော့ ဘာတွေမဟုတ်တာလုပ်ထားလဲ စစ်ဆေးနေတာပါ..ကိုယ့်မျက်လုံးထဲမှာရော နှလုံးသားထဲမှာပါ ကူရာဆိုတဲ့ ကိုယ့်ရဲ့အချစ်ပဲရှိတယ်''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now