arc 5.3 လျိုရှစ်ယင်း

9.1K 1K 66
                                    

❤Unicode

ရှောင်းကျန့်တစ်ယောက် အမွှေကောင်းမှုကြောင့် အချုပ်ထဲမှာ နှစ်ညလောက်အိပ်လိုက်ရသည်။ ဒါလည်း ရှောင်းကျန့် ရူးချင်ယောင်ဆောင်လိုက်လို့ နှစ်ညဖြစ်သွားတာ မဟုတ်ရင် တစ်ပတ်လောက်တောင် နေရမလားပဲ..။

အခုတော့ ရှောင်းကျန့် နန်းတော်အပြင် ခိုးထွက်ဖို့ပြင်နေတာဖြစ်သည်။

သူ့ရဲ့အဝတ်သေတ္တာထဲကို ဖွလိုက်တော့ သစ်လွင်တဲ့အထည်တွေဆိုလို့ တစ်ထည်မှမရှိပေ..။ ထို အဝတ်နွမ်းနွမ်းတွေထဲက ခပ်လတ်လတ်ဝတ်စုံလေးကိုသာ သူထုတ်ဝတ်လိုက်သည်။

အပွင့်အခက်တွေမပါတဲ့ မိုးပြာရောင်ဝတ်ရုံလေးက ခေါင်းပေါ်ကကျောက်စိမ်းဆံထိုးလေးနဲ့ပေါင်းလိုက်တော့ လိုအပ်တာထက်ကို ပြည့်စုံနေပြီဖြစ်သည်။

“ညှောင်! ညှောင်! ညှောင်!”

[သခင်များလွန်းတယ်လို့မထင်ဘူးလား ဘာလို့အဲ့လောက်တောင် လှအောင်ဝတ်ရတာလဲ ပြန်လဲ]

"ရှဲ့သကော ငါ့ဘာသာဘာဝတ်ဝတ်ပေါ့ မင်းနဲ့ဘာဆိုင်လို့လဲ ပိုင်စိုးပိုင်နင်းနဲ့''

ရှောင်းကျန့် ဆူပုတ်ပုတ်ဖြစ်နေတဲ့ ကြောင်ငမဲကိုစချင်လာတာကြောင့် ကြောင်ငမဲရဲ့နှုတ်ခမ်းမွှေးတစ်ပင်ကို ဆတ်ခနဲဆွဲနှုတ်လိုက်သည်။

“အား!”

“ရှဲ့..ရှဲ့ရှဲ့!”

နှုတ်ခမ်းမွှေးဆွဲနုတ်လိုက်တာနဲ့ ရုတ်တရက်လူပုံပြောင်းသွားတဲ့ ရှဲ့ရှဲ့ကြောင့် ရှောင်းကျန့်လန့်သွားသည်။

သူ့လက်ထဲကို ပါလာတာက နှုတ်ခမ်းမွှေးတစ်ချောင်းမဟုတ်ဘဲ ဓားတစ်ချောင်းဖြစ်နေပြီး ရှဲ့ရှဲ့ရဲ့ညာဘက်ပါးတစ်ဖက်မှာ ဓားဒဏ်ရာကြောင့် သွေးတွေစိမ့်ထွက်နေသည်။

ရှောင်းကျန့် ချက်ချင်းပဲ ရှဲ့ရှဲ့နားကိုရောက်သွားပြီး ပါးပေါ်မှာအုပ်ထားတဲ့ သူ့ရဲ့လက်ကို ဆွဲဖယ်လိုက်သည်။

“ငါ..ငါတောင်းပန်ပါတယ် မရည်ရွယ်ပါဘူး တော်တော်နာသွားလားဟင် ဟို..ငါ ငါဆေးထည့်ပေးမယ်”

“သခင်..ေညှာင်! ညှောင်! ညှောင်!”

[ငါဘာမှမဖြစ်ဘူး ငါ့မှာကုသစွမ်းရည်ရှိတယ်။ ခဏနေရင် ပျောက်သွားလိမ့်မယ်။ ဓားကိုသေချာသိမ်းထား]

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now