arc 3.7 ရှီးယွဲ့လျန်

10K 998 54
                                    

❤Unicode

အခုဆို ရှောင်းကျန့်ကိုပေးထားတဲ့ ခွင့်တစ်ပတ်လည်းပြည့်ပြီဖြစ်ပြီး ရိရန်လည်းတော်တော်လေးသက်သာနေပြီမို့ ရှောင်းကျန့် ကျောင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ ကြားရက်တွေထဲမှာ သူ့ဆီကို ခဏခဏလာလာနေတဲ့လီကျင့်ကို မျက်မွှေးဆူးပေမယ့် မဲမှောင်သွားတဲ့လီကျားကျားရဲ့မျက်နှာကိုမြင်ရတာမို့ ကျေနပ်မိတာတော့အမှန်ပင်။ ကျောင်းပြန်တက်ရင်တော့ ဇာတ်လိုက်မက သူ့ကိုကျိန်းသေပညာပြတော့မှာ..။

"ယွဲ့ယွဲ့..ကျောင်းပြန်မသွားလို့မရဘူးလားဟင်''

သူ့ရဲ့လက်လေးကိုဆွဲလို့ မျက်နှာငယ်လေးနဲ့ပြောလာတဲ့ ရိရန်ရဲ့ခေါင်းပေါ်ကဆံနွယ်လေးတွေကို ရှောင်းကျန့်ဆွဲဖွလိုက်တယ်။ သူလည်းရိရန်နဲ့မခွဲချင်ပါဘူး..။ ဒါပေမယ့် မူလရှီးယွဲ့လျန်ရဲ့ဆန္ဒလည်းရှိသေးတယ်လေ။

"ယွဲ့ယွဲ့ ကျောင်းဆင်းတာနဲ့ ရန်လေးဆီကိုတန်းပြန်ခဲ့မယ်လေနော်..ယွဲ့ယွဲ့က ကျောင်းပျက်ထားတာကြာပြီလေ..ဒီနေ့မှမသွားရင် သူဌေးကအလုပ်ဖြုတ်တော့မှာပေါ့''

ရှောင်းကျန့်ပြောလိုက်တော့ ရိရန်ရဲ့မျက်နှာက ဆူပုတ်သွားတော့တယ်။ အဲ့သူဌေးကိုရိရန်သဘောမကျဘူး။ သူ့ရဲ့ယွဲ့ယွဲ့ကို အမြဲတမ်း အနှောင့်အသွားမလွတ်တဲ့စကားတွေပြောပြီး ကြောင်နေတာ..။ ရိရန် စီးပွာရေးမှာဘုရင်ဖြစ်လာတဲ့တစ်နေ့ အဲ့လူကိုလမ်းဘေးရောက်အောင်လုပ်ပစ်မယ်။ ပြီးရင် ယွဲ့ယွဲ့အတွက် ကျောင်းဆောက်ပေးမယ်။

ရှောင်းကျန့်က ငြိမ်နေတဲ့ရိရန်ကြောင့် ပြုံးလိုက်မိတယ်။ ဒီကောင်လေးကတော့ ဇာတ်လိုက်ကိုဒုက္ခပေးဖို့ ဉာဏ်ဆင်နေပြန်ပြီထင်တယ်။ ရိရန်ဘာလုပ်လုပ် ရှောင်းကျန့်ကတော့ တားမှာမဟုတ်ဘူး။ ဒီကမ္ဘာရဲ့သားကောင်တွေက ရှောင်းကျန့်အတွက် အသုံးမဝင်ဘူး။ ရိပေါ်ကသာ သူ့အတွက် အရေးကြီးဆုံးပဲ..။

"ဘာတွေတွေးနေတာလဲရန်လေး..ယွဲ့ယွဲ့ကကျောင်းသွားတော့မှာလေ..အာဘွားလေးမပေးချင်ဘူးလား''

"ပြွတ်စ်!''

"အယ် ရန်လေး အာဘွားကပါးကိုပေးရတာဟုတ်ဘူးလား..''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now