အပိုင်း(၁)ရပ်တန့်သွားသောတစ်စက္ကန့်

2.3K 59 2
                                    

ရေဗန်းငယ်မှ တဗြောဗြောထွက်ပေါ်လာသော ရေအလျှင်သည် ထိုသူ၏ ခန္ဓာကိုယ်ထက်၌ ရွာသွန်းဖြာကျသွားပြီး သူ၏လှပဝင်းဝါသော ညှပ်ရိုးတစ်လျှောက်စီးဆင်းသွားသည် ကျယ်ပြန့်တဲ့ရင်အုပ်နဲ့ ထင်ရှားတဲ့ဝမ်းဗိုက်ကြွက်သားတစ်လျှောက်စုံဆန်ကြည့်ပါလျှင် သွယ်လျတဲ့ခါးသိမ်သိမ်တစ်စုံကိုလည်း အကြည့်ခွာနိုင်မည်မဟုတ် အစိမ်းရောင်သွေးကြောမျှင်လေးအနည်းငယ်က ထိုသူ၏လက်ဖျံတစ်လျှောက်တစ်စွန်းတစ်စ ပေါ်ထွက်နေပါ၏။
ရေသံတွေကလွဲလို့ တိတ်ဆိတ်ငြိမ်သတ်နေတဲ့ အခန်းထဲမှာ ဖုန်းသံက ကျယ်လောင်စွာ ထွက်ပေါ်လို့နေတယ် ရေချိူးခန်းထဲမှ ထိုလူက ပုံမှန်ထက်အနည်းငယ်လေးမြန်နေတဲ့ခြေလှမ်းနဲ့ရေချိူးခန်းထဲမှထွက်လာနေတယ် ရေစက်တွေကအထူးပြုလုပ်ထားတဲ့ အဆင့်မြင့်မြင့်ပါကေးပြားတစ်လျှောက် ချွဲစိုကုန်တယ် ရေစိုနေတဲ့လက်ကို မျက်နှာသုတ်ပဝါနဲ့သုတ်ရင်းသူ ဖုန်းကိုကောက်ကိုင်လိုက်တယ်

"ဘာကိစ္စလဲ ထွဋ်ခေါင်"

ကြည်လင်ပြတ်သားပြီး နူးညံ့နွေးထွေးပုံပေါ်တဲ့အသံတစ်ခု လေထုထဲပျံ့လွင့်သွား၏

"အဲ့ကိစ္စလား ငါမမေ့ပါဘူး အိုခေ အိုခေ ညနေမှတွေ့မယ်"

တစ်ဖတ်လူက ဖုန်းချသွားသည်နှင့်တစ်ပြိုင်နက် ရေစိုနေတဲ့သူ့ရဲ့ဆံပင်တွေကို တပတ်နှင့်ပြောင်အောင်သုတ်လိုက်သည် ထို့နောက် အဝတ်ဗီရိုထဲမှ အင်္ကျီများအား စိန်ပြေနပြေရွေးနေလိုက်သည်ထိုအခိုက်အတန့်၌ပင်လျှင်သူ၏အိမ်ထဲမှလေချွန်သံလေးတစ်စုံပျံ့လွင့်နေပါ၏

နူးညံ့ပြီးစျေးကြီးတဲ့အသားနဲ့ချူပ်လုပ်ထားတဲ့ တန်ဖိုးကြီးကြီးအနောက်တိုင်းဝတ်ဆုံဟာ ထိုသူရဲ့ကိုယ်ခန္ဓာပေါ်မှာ ပလဲနံသင့်စွာပဲ ပိုပြီးအထက်တန်းဆန်နေတယ် အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့ နေကာမျက်မှန်တစ်စုံဟာလည်းထိုသူရဲ့ အချိူးကျပေါ်လွင်တဲ့ နှာတံလေးထက်တွင် ခပ်မိုက်မိုက်တည်ရှိနေတယ်
အနက်ရောင် ပြောင်လတ်လတ်လယ်သာရှူးဟာ ထိုလူရဲ့ ခြေကျင်းဝတ်ဖြူဖြူလေးလောက်တောင် အာရုံစိုက်မခံရချေဘူး ထိုသူကတော်ဝန်ဆန်လှတဲ့ခြေလှမ်းတွေနဲ့ပဲ အဆင်သင့်ဖွင့်ပေးထားတဲ့ အနက်ရောင်ကားတစ်စီးပေါ်ကို တက်ထိုင်လိုက်တယ်

Before I Fall You[Completed]Kde žijí příběhy. Začni objevovat