အပိုင်း(၃၃)နောင်တ

548 30 1
                                    

တောင်လေညှင်းအေးအေးလေးက ရေနံချေးဝနေတဲ့အနက်ရောင်သစ်သားပြတင်းပေါက်လေးကိုဖြတ်သန်းပြီး ငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့ အကြင်သူနှစ်ယောက်ကို အအေးဓာတ်ပေးရန်ဆိုင်းပြင်ပေမဲ့ တစ်ယောက်ကိုတစ်ယောက်လွတ်ထွက်သွားတော့မတက်ပွေ့ဖတ်ထားသူနှစ်ဦးကြောင့် အလျင်အမြန်ပြန်လည်ထွက်ခွာသွားခဲ့ရပုံပေါ်တယ် ဆယ့်နှစ်ပေပတ်လည်အခန်းကျဥ်းလေးက သိပ်ကိုနွေးထွေးလှတယ်

ညဏ်းဧကရာဇ်က အသက်ရှူသံမှန်မှန်လေးနဲ့အိပ်မောကျနေတဲ့ သူ့ရှေ့ကလူသားကို မြတ်နိုးခြင်းအပြည့်မျက်ဝန်းတွေနဲ့ငေးကြည့်နေလိုက်တယ် သူ့ကိုကြည့်ရတာ ဒီလိုမျိူးတသတ်လုံးငေးကြည့်နေရမယ်ဆိုရင်တောင် ငြီးငွေ့သွားမဲ့ပုံမပေါ်ဘူး ညဏ်းဧကရာဇ်က နေအဂ္ဂါရဲ့ နှာတံလှလှလေးကို သူ့နှာခေါင်းထိပ်ဖျားလေးနဲ့ အကြိမ်များစွာပွတ်တိုက်လိုက်တယ်

*ကံကောင်းလို့ ကံကောင်းလို့ငါမင်းကိုလက်လွှတ်မိတော့မလို့ ငါမင်းကိုအပြည့်အဝဆုံးရှုံးရဖို့ သီသီလေးပဲလိုတော့တာ ကံကောင်းပေလို့ပေါ့ မင်းနှလုံးသားထဲမှာ ငါက အမြစ်တွယ်တဲ့အထိ နက်နက်ရှိုင်းရှိုင်း တည်ရှိနေသေးလို့*

ညဏ်းဧကရာဇ်က တဖန်ပြန်ပြီး နေအဂ္ဂါကိုသူ့ရင်ခွင်ထဲထည့်သိမ်းထားလိုက်တယ် နေအဂ္ဂါနိုးလာရင် သူ့ကိုထပ်​ပြီးနှင်ထုတ်မလား ဒါမှမဟုတ် အိပ်မပျော်ခင်ကပြောခဲ့သလို မစွမ်းနိုင်တော့တဲ့အထိ ဒူးနဲ့တိုက်မလား နေအဂ္ဂါဒေါသနဲ့ဆိုတစ်ခုခုတော့ဖြစ်ဦးမှာသေချာသည် ဘယ်လိုပဲဖြစ်ဖြစ်
နိုးမလာခင်အချိန်လေးတော့ ဒီလူသားကိုအပြည့်အဝ ပိုင်ဆိုင်ချင်မိသည်အရင်နေ့ရက်တွေကဆို စောစောထနေကျနေအဂ္ဂါက ဒီနေ့တော့ထူးဆန်းစွာနောက်ကျတဲ့အထိ သူ့ရင်ခွင်ထဲမှာအိပ်မောကျနေတယ်တဲ့ မဟုတ်မှလွဲရော နေအဂ္ဂါ လည်းသူ့လိုမျိူးပဲ သူနဲ့ဝေးတဲ့ရက်တွေမှာ အိပ်မပျော်စားမဝင်ဖြစ်နေခဲ့တယ်ဆိုတဲ့ သဘောမျိူးလား နေအဂ္ဂါကတော့ဘယ်လိုနေလည်း မသိပေမဲ့ ညဏ်းဧကရာဇ်ကတော့ သူ့အတွေးနဲ့သူစည်းဝါးကိုက်နေသည် အတွေးမှမဆုံးသေး ရင်ခွင်ထဲမှနေအဂ္ဂါရဲ့ လှုပ်စိလှုပ်စိဖြစ်နေမှုလေးကိုခံစားလိုက်ရတာကြောင့် ညဏ်းဧကရာဇ် နှင်ထုပ်ခံရဖို့အသင့်ပြင်ထားလိုက်သည်

Before I Fall You[Completed]Where stories live. Discover now