အပိုင်း(၃၅)မင်းက ငါ့အတွက်တန်ဖိုးအရှိဆုံး လူသားလေးပါ

491 33 6
                                    

Warning -ဘဲမရှိရင်မဖတ်ကျပါနဲ့ရှင်

မိုးဆွေက လမ်းတစ်လျှောက်လုံး အရေမရအဖတ်မရစကားတွေကို ညဏ်းဧကရာဇ် နားတစ်ဖက်အူသွားတဲ့အထိ တရက်စက်ပြောတော့တယ်

ညဏ်းဧကရာဇ် တောအုပ်ထဲကိုကားမောင်ဝင်ဖို့လုပ်စဥ်မှာပဲ မိုးဆွေ ရဲ့ ရပ်ဆိုတဲ့စကားကြောင့် အလျှင်အမြန်ကားစက်သတ်လိုက်ရတယ်

"ငါတို့ကားကို ဒီနေရာမှာပဲရပ်ထားရအောင် ကားသံကြားသွားရင် မမနိုင်ကငါတို့ပြန်လာတာသိသွားလိမ့်မယ် ထန်းရည်မူးလာတာသိရင်လည်း ကလေးတွေအတုယူကောင်းအောင်လုပ်တယ်ဆိုပြီး ငါရောအစ်ကိုရော တံမြက်စည်းစာမိလိမ့်မယ် "
မိုးဆွေကပြောပြီးတာနဲ့ကားပေါ်ကကုပ်ချောင်း ကုပ်ချောင်းဆင်းသွားပြီး ဂေဟာအပြင်ဘက်မှာ မမနိုင် ရှိမရှိ စတင်စနည်းနာတော့တယ်

"ရှင်းတယ် လူလစ်တုန်း မြန်မြန်သယ်"

မိုးဆွေ မျက်ရိပ်မျက်ကဲပါမက လက်ရိပ်လက်ကဲရော ပါးစပ်ရိပ်ပါးစပ်ကဲပါ အချက်ပြပြီးတာနဲ့ ညဏ်းဧကရာဇ် နေအဂ္ဂါကို ကားနောက်ခန်းကဆွဲထုတ်ပြီး သူ့ပုခုံးပေါ် ကန့်လန့်ဖြတ်ထမ်းတင်လိုက်တယ်

"ငါအိမ်မပြန်ဘူးလို့...ငါကိုချပေးစမ်း သေးထွက်ကောင်....ငါ့ချီး..ဝူး..

နေအဂ္ဂါက အော်ကျယ်အော်ကျယ်လုပ်လာတာကြောင့် မိုးဆွေ သူ့လက်နဲ့နေအဂ္ဂါပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ် ဒါတောင် နေအဂ္ဂါက ဝူးဝူးဝါးဝါးတွေအော်နေပြီး သူ့လက်ကိုအသေကိုက်ထားတာကြောင့် မိုးဆွေမှာ နာလည်းနာ အသံထွက်ပြီးလည်းမအော်ရဲဖြစ်နေတယ်

"အသာလုပ်ပါဗျ အစ်ကို့လက်ကြီးနဲ့အတင်းပိတ်ထားတာ ကျွန်တော့ကိုကိုအသံတောင်မထွက်နိုင်တော့ဘူး"

ညဏ်းဧကရာဇ်က နေအဂ္ဂါကိုထမ်းထားရင်းနဲ့ နောက်မလှည့်ပဲ တိုးရှဲရှဲလေသံလေးနဲ့ပြောလိုက်တယ်

"ဘယ်ထွက်ပါ့မလဲ မင်းကိုကိုက ငါ့လက်ကိုအရသာတွေ့နေတာလေ အသေအကျေကိုက်ထားတာများ ခွေးကိုအမဲသားကြွေးသလိုပဲ"

မိုးဆွေမကျေမနပ်သံနဲ့ အံကြိတ်ပြီးပြောလိုက်တယ် နေအဂ္ဂါအခန်းထဲကို ခက်ခက်ခဲခဲပြန်ရောက်ပြီးတဲ့နောက်မှာတော့ မိုးဆွေလည်း သူ့ညာဖတ်လက်လေးကို ဘက်လက်နဲ့ကိုင်ရင်းသူ့အိပ်ယာရှိတဲ့အပေါ်ထပ်ကိုတက်ဖို့ပြင်တော့တယ်သူမသွားခင်

Before I Fall You[Completed]Där berättelser lever. Upptäck nu