အပိုင်း(၃၉)

454 31 0
                                    

ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမရှိတာကြောင့် ညဏ်းဧကရာဇ် နေအဂ္ဂါကို ဆေးရုံကနေ့တွင်းချင်းပြန်ခေါ်လာခဲ့တယ် ထိုးသွင်းခံရတဲ့အိပ်ဆေးအရှိန်က အိမ်ပြန်ရောက်တဲ့အထိ ကောင်းကောင်းကြီးအလုပ်ဖြစ်သေးပုံပေါ်တယ် နေအဂ္ဂါလမ်းလျှောက်ရင်းနဲ့တောင် ငိုက်မြည်းနေသလိုခံစားနေရတယ်

အိပ်ခန်းထဲရောက်တာနဲ့ ရေချိူးဖို့တောင် မလှုပ်ရှားချင်တော့တာကြောင့် ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး ခြေပစ်လက်ပစ်လှဲချလိုက်တယ် သူ့အသိညဏ်တွေ ဝိုးတိုးဝါးတာအဆင့်သို့ ရောက်ရှိနေတုန်းမှာပင် သေးငယ်တဲ့လှုပ်ရှားမှုလေးတစ်ခုကို သူခံစားလိုက်ရတယ်  ပါးပြင်ပေါ်ကျရောက်လာတဲ့ နူးညံ့နွေးထွေးမှုလေးတစ်ခုကိုရော "ကိုကိုက ညစ်ပတ်တုံးလေးပဲ"ဆိုတဲ့ ညဏ်းဧကရာဇ် ရဲ့ အက်ရှရှအသံတစ်စုံကိုရော သူ့ဆံစတွေကြားထဲ တိုးဝင်လာတဲ့ ခပ်ကြီးကြီး လက်ဖဝါးတစ်စုံကိုရော ခန္ဓာကိုယ်က တစ်ခုခုလစ်လပ်သွားတယ်လို့ခံစားမိတဲ့အချိန်အမှာ သူ့အာရုံတွေ အမှောင်ကျသွားခဲ့တယ် ညဏ်းဧကရာဇ် နေအဂ္ဂါကိုယ်ကို လှန်လိုက်မှောက်လိုက်လုပ်ပြီး ချွေးနံ့နဲ့ကိုယ်သင်းနံ့ရောပြွန်းနေတဲ့ အဝတ်အစားတွေကို ချွတ်ပေးလိုက်တယ် တာဝါတစ်ထည်ကို ရေနွေးနွေးလေးနဲ့ စိမ်ပြီးနေအဂ္ဂါကိုယ်ကို သန့်ရှင်းရေးလုပ်ပေးလိုက်တယ် နွေးနွေးထွေးထွေးဖြစ်နေအောင် စောင်ထူထူကိုထပ်ခြုံပေးလိုက်ပြီး ပါးပြင်ပေါ် နှာတံတစ်ခုလုံး နစ်ဝင်သွားအောင် မွတ်မွတ်သိပ်သိပ်နမ်းခြိုက်လိုက်တယ်

နေအဂ္ဂါနောက်တစ်ကြိမ် ပြန်နိုးလာတဲ့အခါ ကုတင်ဘောင်ကိုမှီထိုင်ပြီး laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ညဏ်းဧကရာဇ်ကိုတွေ့လိုက်ရတယ်

နေအဂ္ဂါသူ့မျက်လုံးတွေကို ကြည်လင်သွားအောင်တစ်ချက်နှစ်ချက်ပွတ်သပ်လိုက်တယ် ပြီးနောက်ညဏ်းဧကရာဇ် ပေါင်ပေါ်ခေါင်းတင်လိုက်ပြီး သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်တယ် ပေါင်ပေါ်ရောက်လာတဲ့ အလေးချိန်တစ်ခုကြောင့် ညဏ်းဧကရာဇ် လုပ်လက်စကိုဘေးချထားလိုက်ပြီး နေအဂ္ဂါဆံစတွေကို ငုံ့နမ်းလိုက်တယ်

Before I Fall You[Completed]Where stories live. Discover now