အပိုင်း(၂၃)နေအဂ္ဂါကို လွှတ်ပေးပါ

522 32 5
                                    

အရှိန်ပြင်းပြင်းတိုးဝှေ့လာတဲ့ လေကြမ်းတွေက နေအဂ္ဂါ မျက်နှာတစ်လျှောက် ဖြတ်တိုက်သွားရင်း ခပ်ငိုက်ငိုက်စောင်းထားတဲ့အနက်ရောင်ဦးထုပ်လေးကိုယူဆောင်သွားတယ် မျက်ရည်တွေကြောင့် သူ့မြင်ကွင်းတွေက ဝေဝါးနေပြီးတော့ခြေထောက်တွေကပြေးဖို့တောင် အင်အားမရှိတော့တာကြောင့် အသက်မဲ့နေတဲ့လူတစ်ယောက်လိုမျိူးလမ်းလျှောက်နေတယ် လူတွေကကွက်ကြည့်ကွက်ကြည့်လုပ်သွားကြရုံမက တစ်ချိူ့တွေဆို လက်ထဲမှာကိုင်ထားတဲ့ဖုန်းတွေကို တစ်မြှောက်မြှောက်နဲ့ နေအဂ္ဂါ တော့ သိပ်ပြီးအာရုံထားမနေတော့ဘူးအိမ်ကိုအမြန်ပြန်ပြီး ရူးလောက်တဲ့အထိ ငိုချလိုက်ချင်တာပဲသိတယ် သူအိမ်ပြန်ရောက်တဲ့အချိန်မှာ ဧည့်ခန်းဆိုဖာခုံပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ဒေါသမျက်လုံးတွေနဲ့ ညဏ်းဧကရာဇ် နဲ့တည့်တည့်တိုးတယ် သူတစ်ချက်ပဲ လှည့်ကြည့်ပြီး အိပ်ခန်းထဲကိုဝင်သွားလိုက်တယ် အိပ်ခန်းတံခါးကို ဂျောင်းခနဲ့မြည်အောင်ပိတ်ဖို့ပြင်တုန်းမှာပဲ ညဏ်းဧကရာဇ်က တံခါးကိုတွန်းတိုက်ပြီး အိပ်ခန်းထဲဝင်လာတယ်

"မင်းကြောင့် ချမ်းလေးသိသွားပြီ အဲ့တော့မင်းနဲ့ငါနဲ့အပေးအယူလည်းဒီမှာတင်ပြီးပြီ မင်းကျေနပ်လား"

ညဏ်းဧကရာဇ် ပထမဦးဆုံးပြောလာတဲ့စကားက ဒီလိုမျိူးတဲ့ တငွေ့ငွေ့ကျွမ်းလောင်နေတဲ့သူ့ နှလုံးသားကို အက်ဆစ်ရေနဲ့ ပတ်လိုက်သလိုပါပဲ

"ဟက်........ဟက်....."

နေအဂ္ဂါက အချိန်အတော်ကြာတဲ့အထိ  ဘာမှမပြောနိုင်ပဲ အရူးလိုမျိူးရယ်နေခဲ့တယ် သူ့မျက်ဝန်းမှာမျက်ရည်တွေစီးကျနေတာကိုတော့သူသတိမထားမိဘူး

"ကောင်းပြီ ကိုယ်မင်းကိုလက်လွှတ်ပေးမယ် ကိုယ်မင်းကို လက်လွှတ်လိုက်ပြီ ကိုယ်လည်းမင်းကို စိတ်ကုန်နေပြီ မင်းထွက်သွားလိုက်တော့ မင်းလက်ထဲကအိမ်သော့ကိုထားခဲ့ပြီး မင်းထွက်သွားကိုယ့်ဆီဘယ်တော့မှပြန်လာဖို့မစဥ်းစားနဲ့......ထွက်သွား"

နေအဂ္ဂါက ကအရူးလိုမျိုးသောင်းကျန်းနေပြီး သူ့ရှေ့ကကိုယ်လုံးပေါ်မှန်ကြီးကိုရိုက်ခွဲလိုက်တယ် အိပ်ယာပေါ်ကစောင်တွေခေါင်းအုံးတွေလည်း နေအဂ္ဂါ လက်ချက်ကြောင့်ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး နောက်ဆုံးအနေနဲ့ နေအဂ္ဂါက စားပွဲခုန်ပေါ်က လပ်(ပ်)တော့ ကိုခုန်စောင်းနဲ့ရိုက်ပြီးအကြိမ်ကြိမ်ဖျက်ဆီးတော့တယ် ​နေအဂ္ဂါ ရဲ့
ဒီလို​သွေးပျက်နေတဲ့ ပုံစံကိုညဏ်းဧကရာဇ် ပထမဆုံးတွေ့ဖူးတာကြောင့် ကြောင်အမ်းနေပြီးသူ့မျက်နှာပေါ်ကမျက်ရည်စီးကြောင်းတွေကိုကူကယ်ရာမဲ့စွာပဲငေးကြည့်နေမိတော့တယ်

Before I Fall You[Completed]Where stories live. Discover now