အပိုင်း(၁၆)phone call

431 28 8
                                    

တစ်နေ့သောမနက်ခင်းတစ်ခုမှာပေါ့ အညိုရင့်ရောင်စောင်ပုံထူထူကြားထဲမှာ နေအဂ္ဂါက အပူပင်ကင်းကင်းအိပ်ပျော်နေတယ် ဆူညံလှတဲ့ဖုန်းသံက နှစ်ခါမြောက်အော်မြည်ပြီးတဲ့အဆုံးမှာတော့ နေအဂ္ဂါက စိတ်မရှည်လက်မရှည်နဲ့ ဖုန်းကိုကောက်ကိုင်လိုက်တယ်

"ဘယ်သူလဲ..."

နေအဂ္ဂါက အိပ်ချင်မူးတူးဖြစ်နေပြီးတော့ တစ်ဖတ်ကလူကို မေးလိုက်တယ်

"ဒါ....ညဏ်းဧကရာဇ် ရဲ့ဖုန်းမဟုတ်ဘူးလားခင်ဗျ"

တစ်ဖတ်လူရဲ့ အသံကယဥ်ကျေးပုံရပြီး ဇဝေဇဝါဖြစ်နေပုံပေါ်တယ်

"သူရေချိူးနေတယ် ကိုယ်ဘာပြောပေးရလဲ"

"ရတယ်ခင်ဗျ သူနဲ့တွေ့ဖြစ်မှပဲပြောလိုက်တော့မယ်"

တစ်ဖတ်လူဖုန်းချသွားတာနဲ့ သူအိပ်နေရာက ထထိုင်လိုက်ပြီး ဖုန်းမှတ်တမ်းကိုဖျက်လိုက်တယ် ဒါပေါ့ ဖုန်းတစ်ဖတ်ကလူကဘယ်သူလဲဆိုတာပြော​နေစရာတောင်မလိုဘူး ဖုန်းကိုနဂိုနေရာမှာပြန်တင်ထားလိုက်ပြီး ဟန်မပျက်အိပ်ယာပေါ်ပြန်အိပ်လိုက်တယ် ခဏအကြာမှာပဲတံခါးဖွင့်သံတစ်ခုနဲ့အတူ ညဏ်းဧကရာဇ်က ရေချိူးခန်းထဲက ထွက်လာတယ် ကိုယ်လုံးပေါ်မှန်ရဲ့ရှေ့မှာ ညဏ်းကရာဇ်က သူ့ဆံပင်တွေကို dryer နဲ့မှုတ်နေတယ် နေအဂ္ဂါက နောက်ဖတ်ကနေသိုင်းဖတ်လိုက်ပြီး ဂုတ်သားဖြူဖြူလေးကို အားရပါးရနမ်းလိုက်တယ်

"ဒီနေ့အလုပ်သွားရမှာလား"

"အင်း ကိုးနာရီအရောက်မလာရင် ဒယ်ဒီကတစ်နေကုန်ဆူလို့ပြီးမှာမဟုတ်ဘူး"

"အင်းပါ...ကိုယ်မင်းကိုဆွဲမထားတော့ပါဘူး"

နေအဂ္ဂါက ညဏ်းဧကရာဇ် ကိုယ်ကိုပုခုံးကနေတစ်ပတ်ဆွဲလှည့်လိုက်ပြီး သူ့လက်ထဲက dryer ကိုလုယူလိုက်တယ် ညဏ်းဧကရာဇ်က သူ့အဖေ ကုမ္မဏီမှာ internဆင်းနေရတဲ့ကာလဖြစ်တာကြောင့် သူတို့သိပ်ပြီးတွေ့ဖို့အချိန်မရှိသလောက်ပဲ ရှားရှားပါးပါးပိတ်ရက်တွေကြပြန်တော့လည်း နေအဂ္ဂါအလုပ်များတဲ့အခါနဲ့တိုးနေတော့ သူတို့တွဲဖြစ်ပြီးနောက်ပိုင်း အေးအေးဆေးဆေးဒိတ်လုပ်လို့ရတဲ့အချိန်ဆိုတာမရှိသေးဘူး ညဏ်းဧကရာဇ် ကသူ့ဆီကိုအားတဲ့အချိန်လေး အလျှင်စလိုရောက်လာပြီးတော့ အလျှင်စလိုပဲပြန်ထွက်သွားတက်တယ် ဒါကြောင့်ပဲ နေအဂ္ဂါက သိပ်ပြီးမကျေနပ်ချင်ဘူး ဒါပေမဲ့လည်း ဘယ်တက်နိုင်မှာလဲ သူတို့ကံဇာတာကကို ဒီအတိုင်းဖြစ်ဖို့အကြောင်းပါလာတာ

Before I Fall You[Completed]Where stories live. Discover now