အပိုင်း(၂)မင်းဂုဏ်ယူသင့်တယ်

841 40 2
                                    

နေ အ ဂ္ဂါ သူ့နာ​မည်အား သူ့ဖုန်း၏ search list တွင်ရိုက်ထည့်၍ သူတောင်မသိသော သူ့အကြောင်းများအား ရှာဖွေဖတ်ရှူရင်း စခွီထနေသောအချိန်တွင်သူ့အိမ်တံခါးကိုတစ်​ယောက်ယောက်ဖွင့်ပြီးဝင်လာသံကိုကြားလိုက်ရသည်။ထိုစဥ် သူ့လက်တွင်ကိုင်ထားသောဖုန်းက သူ့မျက်နှာလှလှလေးပေါ်သို့ မညှာမတာလွတ်ကျသွား၏

"F**k"

သူခပ်တိုးတိုးဆဲရေးလိုက်ရင်း နာသွားတဲ့နဖူးပြင်ကို လက်ဖြင့်စမ်းလိုက်သည်

"ငါ့အိမ်ထဲဝင်ရင်ဘဲလ်တီးပြီးမှဝင်ဖို့ ငါမင်းကိုမပြောခဲ့ဘူးလား ဒီအချိန်မှာငါသာတစ်ယောက်ယောက်နဲ့တစ်ခုခုလုပ်နေရင်.....

"မင်းဆက်ပြောမှာကိုငါသိတယ် အဲ့စကားကို မင်းပြောတဲ့တစ်ယောက်ယောက်ရောက်လာမှပဲဆက်ပြောကြတာပေါ့ အရင်ဆုံးဒါကိုကြည့်"

ထွဋ်ခေါင်ကဖန်နဲ့အထူးပြုလုပ်ထားတဲ့စားပွဲခုံပေါ်သို့ဖိုင်တွဲတစ်ချိူ့ကိုပစ်တင်လိုက်သည်

"ဒါကဘာလဲ"

နေအဂ္ဂါ အိပ်နေရာမှထထိုင်လိုက်ရင်း ဖိုင်တွဲတွေကိုအသေးစိတ်ဖတ်ရှုနေလိုက်တယ်

"နာမည်ကြီးတက္ကသိုလ်တစ်ခုက မင်းကိုသံအမတ်အဖြစ်ခန့်ချင်တယ်လို့ငါ့ဆီကမ်းလှမ်းလာတယ် စာချူပ်မှာရေးထားတဲ့အချက်တွေက မဆိုးဘူး စည်းကမ်းချက်တွေကလည်းမင်းလိုလူအတွက် လိုက်နာနိုင်လောက်တဲ့အဆင့်မှာရှိတယ် မင်းဘာမှလုပ်စရာမလိုဘူး​ကြော်ညာလေးရိုက်ပြီး ဓာတ်ပုံလေးတစ်ပုံနှစ်ပုံရိုက်ပေးရုံပဲ ငါ့အမြင်ကိုမေးရင်တော့ မင်းကိုလုပ်စေချင်တယ်"

ထွဍ်ခေါင်ကစကားတွေတရက်ဆက်ပြောရင်း မောသွားဟန်တူသည် စားပွဲပေါ်ရှိရေသန့်ဘူးအား နှစ်ငုံခန့်သောက်လိုက်သည် တစ်မိနစ်ကြာပြီးနောက်သူဆက်ပြောသည်

"မင်းအတွေးမမှားနဲ့နော် ဒီကျောင်းကအရမ်းအရမ်းကိုနာမည်ကြီးနေတာ သူဌေးတွေနဲ့စာတော်တဲ့သူတွေလောက်ပဲတက်နိုင်တာ ပြီးတော့ဒီကျောင်းကထွက်တဲ့သူတွေမှန်သမျှက သူ့နယ်ပယ်နဲ့သူ အောင်မြင်နေကြတာများတယ် ဒီနှစ်အတောအတွင်း မင်းဘာမှသိပ်ပြီးလည်း များများမလုပ်ရသေးဘူးလေ အဲ့တော့မင်းနာမည်လေးလူတွေမမေ့အောင်လည်းလုပ်ပါဦး ဟုတ်ပြီလား"

Before I Fall You[Completed]Where stories live. Discover now