အပိုင်း(၄)ငါတော့ချစ်မိသွားပြီထင်တယ်

637 29 3
                                    

"F**k"

သူအသံတိတ်ဆဲရေးလိုက်ရင်း တစ်ဖတ်လူမည်သို့တုံ့ပြန်လာမလဲဆိုတာစောင့်ကြည့်လိုက်သည်

"ထွဋ်ခေါင် ....ရေပေးငါရေဆာတယ်"

နေ အ ဂ္ဂါ က အပြည့်အဝနိုးကြားပုံမရသေး လူတစ်ယောက်နာမည်ကို အော်ခေါ်နေပေမဲ့ ညကအားကုန်အော်ထားရတဲ့အရှိန်ကြောင့် သူ့အသံကတိမ်ဝင်နေသည်

အနီးအနားရှိရေဘူးအား အဖုံးဖွင့်ပေးရင်း နေ အ ဂ္ဂါ  ဆီသို့သူခပ်လှမ်းလှမ်းက သတိအနေအထားနှင့်လှမ်းပေးလိုက်သည် မကျေနပ်ရင်လည်း မသကာရေဘူးနဲ့ကောက်ပေါက်ခံရရုံပေါ့

နေ အ ဂ္ဂါ ကမျက်စိမှိတ်လျက်သားနှင့် ရေဘူးအားကောက်မော့လိုက်သည် ထိုအခါမှသူ့အသိတွေကရှင်းလင်းသွားပုံပေါ်သည် ရေဘူးကအိပ်ယာခင်းပေါ်သို့ လဲကျသွားသည်

"မင်း...မင်းကထွဋ်ခေါင်မဟုတ်ဘူး"

နေ အ ဂ္ဂါ ​ကြောက်လန့်တကြားထရပ်လ်ိုက်ချိန်
မှာ သူ့ခြေထောက်တွေကအားနည်းလွန်းနေပြီး ကြမ်းပြင်ပေါ်သို့ဖင်ထိုင်ရက်လဲကျသွားကာနာလွန်းလို့မျက်ရည်လေးစို့နေသည် ကိုယ်တုံးလုံးလေးဖြစ်နေတာကြောင့် ညကသူကိုက်ထားတဲ့ဒဏ်ရာတွေက ခရမ်းရောင်သန်းနေသည် ထိုမြင်ကွင်းကြောင့် သူနည်းနည်းလေးသနားစိတ်ဝင်သွားပြီး နေ အ ဂ္ဂါ ကိုဆွဲထူ၍ အိပ်ယာပေါ်သို့တင်ပေးလိုက်သည်

"မင်းဖျားနေတယ် ဒီမှာခဏနေခဲ့ ဆေးယူပြီးပြန်လာခဲ့မယ်"

သူလှည့်ထွက်သွားမည်အပြု နောက်နားဆီမှခေါ်သံကိုကြားလိုက်ရသည်

"ညဏ်း ....မင်းက" ညဏ်း "မဟုတ်လား ငါမင်းကိုတစ်ချက်လေးနမ်းမိသွားတာကြောင့် မင်းငါ့ကိုလက်စားပြန်ချေတာတော့ မဟုတ်ဘူး မှတ်လား"

သူဘာမှပြန်ပြောမနေတော့ပဲ ထွက်သွားမည်အပြု တစ်ခုခုကိုသတိရပြီးလှမ်းပြောလိုက်သည်

"ညဏ်းဧကရာဇ်"

တစ်ဖတ်လူကကြောင်တောင်တောင်လေးကြည့်နေတာကြောင့် သူထပ်ဖြည့်ပြောလိုက်သည်

"ငါ့နာမည်"

ပြီးနောက် တံခါးကိုဖွင့်၍ ထိုနေရာမှထွက်ခွာသွားသည်။

Before I Fall You[Completed]Where stories live. Discover now