အပိုင်း(၃၇)အလှလေးအား စားသုံးခြင်း

544 28 2
                                    

တစ်ပတ်လောက်ကြာပြီးနောက်မှာ နေအဂ္ဂါရဲ့သတင်းတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ထပ်မံပြီး လူပြောများလာခဲ့တယ် လဲ့လဲ့ရဲ့အရိုးသားဆုံးဖြေရှင်းချက်မှာ စေခိုင်းသူအမည်ကိုထိန်ချန်ထားတာမို့ ယုံတဲ့သူတွေကယုံကြည်ပြီး မယုံတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိနေကြတယ် နေအဂ္ဂါကိုယ်တိုင်လူလုံးထွက်ပြပြီးဖြေရှင်းဖို့ကို မျှော်လင့်နေတဲ့ သူတစ်ချိူ့လဲရှိပေမဲ့ နေအဂ္ဂါ အခုအချိန်မှာ မီဒီယာတွေနဲ့ထိပ်တိုက်တွေ့ရဖို့ သိပ်ကိုပျင်းလွန်းနေတယ် လဲ့လဲ့ဖြေရှင်းချက်က ဒီပြဿနာတွေကိုပြေလည်အောင် ဖြေရှင်းမပေးနိုင်မှန်း သူအစကထဲကတွေးမိခဲ့ပြီးသား ဒီလိုကိစ္စမျိူးဆိုတာ ဖြေရှင်းလေ ရှုပ်ထွေးလေပဲဖစ်မှာကို သူသိတယ် သူကလွဲပြီး လဲ့လဲ့ကိုယ်တိုင်ရော တခြားသူတွေကပါ ဆန္ဒရှိတာကြောင့် သူဘာမှမပြောပဲငြိမ်နေခဲ့တာ ပြောပြန်ရင်လည်း မမနိုင်က နင်သူတော်ကောင်းဝင်လုပ်ပြန်ပြီ ဆိုပြီး ပြောဦးမည် ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုံးဝမဖြေရှင်းချင်တော့ဘူး ဒီလိုဖြစ်သွားတာနဲ့ ပတ်သတ်ပြီး သူ့မှာကံဆိုးတာတွေချဥ်းပဲ ဖြစ်လာတာတော့မဟုတ်ဘူး အနည်းဆုံးတော့လဲ့လဲ့သူ့အမှားသူတာဝန်ယူတက်ပြီး သူ့ကိုယ်သူ ပြန်သုံးသပ်တက်တဲ့နေ့ရောက်လာတာကိုပဲ ကျေးဇူးတင်ရမယ် အခုဆိုလဲ့လဲ့က ဂေဟာကိုပြန်ပြီး မမနိုင်အလုပ်တွေကို ကူလုပ်ပေးနေပြီ ဆိုရှယ်မီဒီယာရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်လဲပါမယ် ရန်ကုန်မြေကိုဘယ်တော့မှခြေမချတော့ဘူးလို့တော့ပြောသွားတာပဲ ဘာပဲဖြစ်ဖြစ် နေအဂ္ဂါကတော့ နည်းနည်းလေးမှ သနားစိတ်မဝင်မိပါဘူး ဒီလောက်ဆိုးပေနေတဲ့ ကလေးမက ပိစိလေးလောက်တော့ အပြစ်ခံရသင့်တယ်လို့ သူတွေးတယ် မိုးဆွေကတော့ မနေ့ကပဲ စင်္ကါပူကိုပြန်သွားလေပြီ မိုးဆွေလည်း မရှိတော့တာကြောင့် ညဏ်းဧကရာဇ်နဲ့ ရှင်းလင်းစရာရှိတာတွေကိုရှင်းလင်းဖို့ ညနက်တဲ့အထိ ဧည့်ခန်းထဲထိုင်ပြီး ညဏ်းဧကရာဇ် ပြန်အလာကိုစောင့်နေတာဖြစ်တယ် သူဆုံဖာပေါ် မှေးရင်းနဲ့ အိပ်ပျော်သွားတော့မဲ့အချိန်မှာ တံခါးဖွင့်သံသဲ့သဲ့ကိုကြားလိုက်ရတယ်

Before I Fall You[Completed]Où les histoires vivent. Découvrez maintenant