အပိုင်း(၉)သရုပ်မှန်(သ႐ုပ္မွန္)-၁

497 32 5
                                    

ပြန်ပြေလည်သွားပြီးနောက်ပိုင်းမှာ ညဏ်းဧကရာဇ်က နောက်ဆုံးနှစ်စာမေးပွဲအတွက်ပြင်ဆင်နေရတာကြောင့် သူတို့နှစ်ယောက်ရက်အတော်ကြာတဲ့ထိမတွေ့ဖြစ်ကြဘူး ​နေအဂ္ဂါကတော့ အားလပ်ရက်ရှည်ကြီးရနေတာကြောင့် အိမ်ထဲမှာပဲ ပြင်းတိပြင်းရွဲနေနေရတယ် သူ့ကိုလွမ်းတာလဲပါတာပေါ့ သူ့စိတ်ကြိုက်လုပ်လို့ရကြေးဆို ညဏ်းဧကရာဇ်ကိုကျောင်းထိသွားတွေ့ပြီး အသက်ရှူကျပ်သွားတဲ့အထိနမ်းပစ်လိုက်ချင်ပေမဲ့ သူစိတ်ဆိုးသွားမှာကြောက်တာကြောင့် နေအဂ္ဂါမသွားရဲဘူးသူစာမေးပွဲပြီးတဲ့နေ့အထိကိုစိတ်ရှည်ရှည်နဲ့ပဲစောင့်နေခဲ့ရတယ် သေချာတာပေါ့ ဒီနေ့ကသူစောင့်နေခဲ့ရတဲ့အဲ့ဒီ့နေ့ အိမ်တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ပြီး သပ်သပ်ရက်ရက်လေးဖြစ်အောင်ပြင်ဆင်လိုက်တယ် တစ်အိမ်လုံးကိုအမှောင်ချပြီးတော့ လှပတဲ့အဝါရောင်မီးသီးသေးသေးလေးတွေပဲဖွင့်ထားတယ် ညဏ်းဧကရာဇ်အရမ်းကြိုက်တဲ့ဆိုင်က အမဲသားsteakနဲ့အရသာတူအောင်မနည်းကင်ထားရပြီး နောက်ဆုံးမှာတော့ သူလိုချင်တဲ့အရသာကိုရခဲ့တယ် အမှိုက်ပုံးထဲရောက်သွားတဲ့ အသားတွေကိုတော့ထည့်မတွက်နဲ့ပေါ့ သူဘယ်လောက်တောင် စိတ်လှုပ်ရှားနေသလဲဆိုရင် သူ့လက်ကိုတောင်အပူလောင်သွားတဲ့အထိပဲညဏ်းဧကရာဇ်က ဝိုင်နီထက်ဝိုင်ဖြူကိုပိုကြိုက်တာသူသိတယ် ဒါကြောင့်အကောင်းဆုံးဝိုင်ဖြူတစ်လုံးကိုရဖို့ လွန်ခဲ့တဲ့ဆယ်ရက်လောက်ထဲကကြိုတင်မှာထားခဲ့ရတာ အခုတော့အဲ့ဒီ့ပုလင်းကသူ့စားပွဲပေါ်မှာရောက်နေပြီ ဖယောင်းတိုင်နှစ်တိုင်သုံးတိုင်ကိုစားပွဲပေါ်မှာနေရာချလိုက်တယ် အားလုံးပြီးစီးသွားတဲ့အချိန်မှာ နေအဂ္ဂါသူ့ဖုန်းကိုယူပြီး message ပို့လိုက်တယ်

"မင်းဒီညလာခဲ့မလား"

"အင်း"

ဟိုဘက်ကပို့လာတဲ့ "အင်း"ဆိုတဲ့စာသားလေးကို မိနစ်ဝက်လောက်ငေးကြည့်ရင်း သူပြုံးလိုက်တယ် ထွန်းထားတဲ့ဖယောင်းတိုင်ဆီမှ အဖြူရောင်ဖယောင်ရည်များကတစက် တစက်စီးကျနေပါ၏ဖယောင်းတိုင်ကဖြေးဖြေးခြင်း တို၍တို၍ သွားပြီးနောက်ဆုံးတွင်တော့ မီးဇာကုန်၍ မီးငြိမ်းသွားခဲ့သည်။ညကနက်ထက်နက်လာခဲ့ပေမဲ့ ညဏ်းဧကရာဇ် ရောက်မလာခဲ့ပါဘူး။
နေအဂ္ဂါဖုန်းကနာရီကိုကြည့်မိတော့ အချိန်အားဖြင့် ဆယ့်တစ်နာရီ သူ့စိတ်ထဲ ဝမ်းနည်းခြင်းနှင့်အထီးကျန်ခြင်းတို့ဒွန်တွဲ၍ နောက်ဆုံးတွင်တော့ ဒေါသတွေကတလိတ်လိတ်ထိုးတက်လာခဲ့သည်

Before I Fall You[Completed]Where stories live. Discover now