အပိုင်း(၃၄)သမက်ကိုသူခိုးထင်

489 27 0
                                    

"ထွက်လာခဲ့ ငါ့နောက်မှာကွယ်ပြီး ဘာလုပ်နေတာလဲ"

မိုးဆွေ မကျေမနပ်ဖြစ်စွာ ပြောလိုက်ပြီး သူ့နောက်က မိန်းမငယ်လေးကို ရှေ့ကိုတွန်းထုတ်လိုက်တယ်

"အစ်ကို့ ကို တောင်းပန်လိုက်"

နှင်းပွင့်လေးလိုဖြူဖျော့တဲ့အသားအရေနဲ့ သေးသေးညှပ်ညှပ်ကောင်မလေးက နေအဂ္ဂါကိုအကြည့်ချင်းမဆုံရဲ၍လားမပြောတက် သူ့မျက်ဝန်းတွေကို ပြောင်သလင်းခါနေတဲ့ မြေပြင်ပေါ်အကြည့်ပို့ထားပြီး နေအဂ္ဂါရှေ့မှောက်မှာ ကုပ်ကုပ်လေးရပ်နေပုံက အကြောင်းမသိသူသူစိမ်းယောက်ျားတစ်ယောက်ကများ မြင်သွားလိုက်လျှင်ပင်ချက်ချင်းလက်ငင်းကို သနားချစ်ချစ်ပြီး လလက်ထပ်ယူချင်မိတဲ့ထိ ရူးသွပ်သွားကြမှာပင်

"မှားသွားပါတယ်လို့ ပြောလိုက်လေ"

မိုးဆွေက အားမလိုအားမရစကားလှမ်းထောက်တော့ နေအဂ္ဂါက မလိုဘူးဆိုတဲ့ပုံစံနဲ့ လက်ခါပြသည်

"မပြောချင်တဲ့သူကိုပြောခိုင်းမနေနဲ့ ငါလည်းသူ့အသံကြားချင်တာတော့ မဟုတ်ဘူး"

နေအဂ္ဂါ လှည့်သွားဖို့ပြင်နေတုန်းမှာပင် မိန်းမငယ်လေးက နေအဂ္ဂါရှေ့မှာပိတ်ရပ်လိုက်ပြီး ခပ်သေးသေးအသံလေးနဲ့ပြောလာသည်

"ကိုကြီး....လဲ့ မှားသွားပါတယ်"

ဝိုင်းစက်စက်မျက်ဝန်းတွေထဲ ပုလဲမျက်ရည်တို့က အထိန်းအကွပ်မရှိ ဖိတ်လျှံကြလာခဲ့သည် လဲ့လဲ့က နေအဂ္ဂါကို မော့ကြည့်ရင်း အင်မတိအင်မတန် သနားစဖွယ်အမူအရာလေးနဲ့ပြောလာသည်

"လဲ့ မှားမှန်းသိပါပြီ...  လဲ့ တောင်းပန်ပါတယ် လဲ့ ကို အဲ့လိုမျိူးကြီးတော့ လျစ်လျူမရှုပါနဲ့ကိုကြီး နော် လဲ့ အကြွေးတွေကြောင့် မတက်နိုင်ပဲလုပ်ခဲ့မိတာပါ"

"အော်.... နင်အကြွေးတင်တိုင်း နေအဂ္ဂါဘယ်တုန်းကမဆပ်ပေးပဲ နေဖူးခဲ့တာရှိလဲ ဟမ် အခုတော့နင်က နေအဂ္ဂါ သိက္ခာတွေကိုချနင်းခဲ့တယ်ပေါ့လေ ဒါနင့်ရဲ့ကျေးဇူးဆပ်နည်းလား ဒါနင့်ရဲ့ အားနာခြင်းတစ်မျိူးလား မိလဲ့လဲ့"

ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ မမနိုင်က တံမြက်စည်းကြမ်းကိုကိုင်ထားရင်း လဲ့လဲ့ဆီဒေါနဲ့မောနဲ့ လျှောက်လာပါလေရော အကင်းပါးတဲ့လဲ့လဲ့က သူ့ကိုယ်ကို နောက်အဂ္ဂါနောက်ကျောဘက်မှာ အလျှင်အမြန်ကပ်တွယ်ထားလိုက်တယ်

Before I Fall You[Completed]Where stories live. Discover now