အပိုင်း (၃၈)Trauma

500 32 0
                                    

အဆင့်အတန်းမြင့်မားပုံပေါ်တဲ့ ပြင်သစ်စတိုင်လ် စားသောက်ဆိုင်တစ်ခုထဲသို့ အလွန်းအမင်းရင်းနှီးကျွမ်းဝင်ခြင်းထက် ကျော်လွန်ပုံ​ပေါ်တဲ့ ယောက်ျားနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့်ဝင်ရောက်လာတယ် အဖြူနဲ့အနက်ရောစပ်ထားတဲ့ လျှောက်လမ်းပေါ် ရှုးဖိနပ်ခွာရဲ့တတောက်တောက်မြည်သံက ကြီးစိုးသွားပြီး ထိုင်ခုံ​ပေါ်ထိုင်ချပြီးသည်ထိအောင် စကားပြောအမျှင်မပြတ်သေးပုံရတဲ့ ယောက်ျားနှစ်ယောက်က ကိစ္စတစ်ခုကို အပြင်းအထန်ဆွေးနွေးနေပုံပေါ်တယ် ဝိုင်လာငှဲ့ပေးတဲ့ စားပွဲထိုးမလေးရဲ့ လက်တွေတုန်ရီနေတာတောင် သတိထားမိပုံမရဘူး စားပွဲထိုးမလေးက မျက်နှာပေါ်ရှက်သွေးအနည်းငယ်​ဖြန်း
ရင်းနဲ့ အပြုံးရေးရေးတစ်ခု ဆင်မြန်ထားတဲ့ အမျိူးသားအားmenu စာအုပ်ကို ရိုရိုသေသေ ကမ်းပေးလိုက်တယ်

"ကိုယ့်စိတ်ထဲမှာ တစ်ခုခုကိုမတင်မကျဖြစ်နေတယ်"

နေအဂ္ဂါ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး သူ၏လည်ချောင်းအားအနည်းငယ်စိုစွတ်သွားစေရန်လုပ်ဆောင်လိုက်တယ်

"ဘာကိုလဲ"

ညဏ်းဧကရာဇ်က စားပွဲခုံပေါ် လက်တစ်ဖတ်ထောက်ပြီး ခေါ်တောတစ်ထောင်အားပေါင်းစပ်ထားတဲ့အကြည့်တွေနဲ့ နေအဂ္ဂါကိုကြည့်နေတယ်

"မိုးဆွေပြောတာလေ လဲ့လဲ့ကိုရှာတွေ့ခဲ့တာက သိပ်ပဟေဋိ ဆန်တာပဲတဲ့ အမည်မဖော်လိုတဲ့ တစ်စုံတစ်ယောက်က လဲ့လဲ့နေရပ်လိပ်စာအတိအကျကို သူ့emailဆီပို့ခဲ့တာ"

"ဒါက ကောင်းတဲ့ကိစ္စပဲလေ ကိုကို့ကို ကူညီချင်တဲ့ တစ်စုံတစ်ယောက်ဖြစ်မှာပေါ့"

"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့ ကိုယ်စိုးရိန်တာက လဲ့လဲ့မှာရန်သူတွေအရမ်းများတယ် သူ့ကိုမုန်းတဲ့တစ်ယောက်ယောက်ဖြစ်မှာကိုစိုးတာ တကယ်လို့များ အဲ့ဒီ့လူက လဲ့လဲ့ကို တစ်ခုခုလုပ်လိုက်ရင် "

"ကိုကို အစိုးရိန်လွန်နေတာပါ သူသာအဲ့လိုလုပ်ချင်ရင် အစ်ကိုမိုးဆွေ လဲ့လဲ့ကိုရှာမတွေ့ခင်ထဲက တစ်ခုခုလုပ်ပြီးပြီ "

နေအဂ္ဂါက သူ့ဖြေရှင်းချက်ကို အလိုမကျသေးပုံရတယ် မျက်ခုံးတန်းတွေကို စုကြုံ့ထားပြီး အစားအသောက်တွေရောက်တဲ့အထိ အတွေးလွန်နေတုန်း

Before I Fall You[Completed]Where stories live. Discover now