အပိုင်း(၂၈)လမိုက်ညတွေမကုန်သေးဘူး

511 31 2
                                    

မိုးရိပ်တွေကင်းစင်နေတဲ့ အနက်ရောင်ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ ပြည့်ပြည့်ဝိုင်းဝိုင်းလစန္ဒာက အကာအရံမရှိတောက်ပလင်းထိန်လို့ ကြယ်တာရာတွေကလည်း ဟိုတစ်စု ဒီတစ်စုပြန့်ကျဲလို့ လမိုက်ညတွေကုန်သွားခဲ့ပြီထင်ပါတယ်။

ဂေဟာရှေ့ ကုက္ကိုပင်ကြီးရဲ့ကွပ်ပျစ်ပေါ်မှာ နေအဂ္ဂါကအပူအပင်မရှိအေးချမ်းစွာလဲလျောင်းနေခဲ့တယ်။လေပြေတွေက ခပ်ကြမ်းကြမ်းတိုးဝှေ့လာတာကြောင့် အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်ပေမဲ့ နေအဂ္ဂါထိုနေရာကထဖို့မကြိုးစားမိဘူး။သူ့မျက်လုံးတွေကို ခပ်ဖွဖွမှိတ်ထားရင်း အိပ်ပျော်နိုင်ဖို့ဆုတောင်းမိပေမဲ့ အချည်းနှီးသာ။ ဒုတိယအကြိမ်သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာ မမနိုင်ပုံရိပ်ကသူ့မြင်လွှာထဲရောက်နှင့်နေပြီ။

ပုံမှန်အချိန်ဆို ခေါင်းပေါ်စုထုံးထားတက်တဲ့ဆံပင်ရှည်တွေက အခုအချိန်မှာတော့ မမနိုင်ခါးပေါ်ဖျာကျနေပြီး တစ်မျိူးတစ်မည်လှပစေတယ်
လက်ထဲမှာစောင်တစ်ထည် ကိုင်ထားပုံရပြီး
မမနိုင်က သူ့ကိုယ်ပေါ်စောင်ပါးလေးတစ်ထည် လွှမ်းခြုံပေးရင်း သူ့ဘေးမှာကပ်ထိုင်လာတယ်

"မိုးဆွေဖုန်းဆက်တယ် စင်္ကါပူမှာလဲ့လဲ့ကိုတွေ့မိတဲ့သူရှိတယ်တဲ့ မရမကရှာပြီးဒီကိုပြန်ခေါ်ခဲ့မယ်ပြောတာပဲ"

"ငါမတွေ့ချင်တော့ဘူး"

နေအဂ္ဂါကအိပ်နေရာကထလိုက်ပြီး ကွပ်ပျစ်အောက်မှာ သူ့ခြေချောင်းတွေကို တွဲလဲချထားလိုက်တယ်

"မတွေ့ချင်လဲတွေ့ရမှာပဲ သူရှာထားတဲ့ပြဿနာသူပြန်ရှင်းဖို့လိုတယ်လေ နင်လဲဒီလိုချောင်
ကလောင်မှာအခြေချဖို့တွေးမနေနဲ့ ကိုယ့်နေရာကိုယ်ပြန်ပြီး ရှေ့ဆက်ရမယ်မဟုတ်လား"

"မမနိုင်လည်း ဒီလိုလူမသိသူမသိဂေဟာလေးမှာ အခြေချဖို့တွေးမနေနဲ့ လက်ထပ်ဖို့စဥ်းစားသင့်ပြီမဟုတ်လား "

မမမနိုင်က လေတိုးတာကြောင့် ဟိုတစ်ဆ ဒီတစ်ဆလွင့်နေတဲ့ သူ့ဆံပင်ရှည်တွေကို စိတ်မရှည်စွာ နဂိုအတိုင်းခေါင်းပေါ်စုထုံးလိုက်တယ်

Before I Fall You[Completed]Where stories live. Discover now