အပိုင်း(၃၀)ကိုယ့်ကိုယ်ကို ရှက်ရွံ့မိခြင်း

555 34 4
                                    

ပြောထားတဲ့အတိုင်းပဲ နောက်တစ်နေ့မနက်စောစောမှာ ညဏ်းဧကရာဇ်က သူတို့နေတဲ့တောအုပ်လေးဆီထပ်ရောက်လာပြန်တယ် ထိုအချိန်က ကလေးတွေအိပ်ရာထစအချိန်ဖြစ်တာမို့ ကလေးတွေက ခေါင်းမွေးဆုတ်ဖွားလေးတွေ ကြောင်စီစီမျက်လုံးလေးတွေနဲ့မနက်စောစောစီးစီး ဂေဟာထဲဝင်လာတဲ့ကားအကောင်းစားကြီးကို ငေးကြည့်နေကြလေရဲ့ ညဏ်းဧကရာဇ်က ခပ်တည်တည်ပဲကားနောက်ဖုံးကိုဖွင့်လိုက်ရင်းလက်တစ်ပွေ့စာကျော်တဲ့ဖာပုံးကြီးကို မလိုက်ပြီး အိပ်ချင်မပြေသေးတဲ့ကလေးတွေကို မျက်နှာချိူသွေးလိုက်တယ်

"ကလေးတို့ ကိုကြီးမင်းတို့အတွက်မုန့်တွေဝယ်လာတယ် စားမှာလား"

မိနစ်ပိုင်းလောက်စောင့်နေပေမဲ့ ကလေးတွေဆီက တုန့်ပြန်သံမကြားရပဲ သူ့ကိုကျော်ပြီး​တော့
တောင် ခပ်လှမ်းလှမ်းမှာရှိတဲ့ ရေကန်ကြီးဆီအလုအယက်ထွက်​ပြေးသွားကြသေးသည် အိပ်ယာနိုးနိုးချင်း ကလေးတွေရဲ့စကားပြောချင်စိတ်နဲ့ အစာစားချင်စိတ်က အလုပ်မလုပ်သေးတာကြောင့်လား ဒါမှမဟုတ် သူစိမ်းကြောက်တာကြောင့်လားတော့မပြောတက် ညဏ်းဧကရာဇ် သူ့မျက်လုံးတွေကို ကွေ့ပတ်ပြီး နေအဂ္ဂါကိုရှာပေမဲ့မတွေ့ မနေ့ကပြုတ်ကျထားတဲ့အရှိန်ကြောင့်
မထနိုင်သေးတာ ပိုသေချာသွားသဖြင့်စက္ကူဖာပုံးကိုဂေဟာထဲသွင်းလိုက်ပြီး နေအဂ္ဂါရှိရာအခန်းဆီလျှောက်သွားလိုက်တယ် သူတံခါးကိုခပ်ဖြေးဖြေးလေးတွန်းတော့တံခါးက သူ့အလိုလိုပွင့်သွားတာကြောင့် တိတ်တိတ်လေးသာ ဝင်ခဲ့လိုက်တော့တယ် နေအဂ္ဂါက ကုတင်ဘောင်ကို မှီထိုင်နေပြီး စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတာကြောင့် သူဝင်လာတာတောင် သတိမထားမိလေဘူး သူ့ခါးအောက်မှာတော့ ခေါင်းအုံးတစ်လုံးကိုခုထိုင်ထားသည်

"နည်းနည်းလောက်ထပ်အိပ်တာမဟုတ်ဘူး အလုပ်မရှိအကိုင်မရှိနဲ့ ဘာလို့စောစောစီးစီးထနေပြန်တာလဲ"

သူ့အသံကိုကြားတော့ နေအဂ္ဂါက လက်ထဲကကိုင်ထားတဲ့စာအုပ်ကို တွန့်ဆုတ်ခြင်းမရှိ သူ့ထံလွှဲပစ်လိုက်တော့တယ် သူရှောင်ချိန်တောင်မရလိုက်တာကြောင့် လက်နှစ်ဖတ်နဲ့ကာထားရုံသာတက်နိုင်တယ် နေအဂ္ဂါကဒေါသတွေထွက်နေပြီး သူ့ဘေးနားပတ်လည်ကို ဟိုလှန်ဒီလှန်ရှာဖွေနေတာမို့ ညဏ်းဧရာဇ် သူ့ခြေထောက်အောက်မှာ အပုံလိုက်ကျနေတဲ့စာအုပ်လေးကို ကောက်ယူလိုက်တယ် နေအဂ္ဂါရှေ့ကိုသွားလိုက်ပြီး စာအုပ်လေးကိုနေအဂ္ဂါလက်ထဲထိုးထည့်ပေးလိုက်တယ် ပြီးနောက်ဆူပုတ်ပုတ်အမူအရာလေးနဲ့ပြောတယ်

Before I Fall You[Completed]Where stories live. Discover now