အပိုင်း(၁၉)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့ သံစဥ်လေးတစ်ခု-၁

434 29 0
                                    

ဂေးဖြစ်ကြောင်းဝန်ခံပြီးတဲ့အချိန်ကစပြီး နေအဂ္ဂါရဲ့ကောလဟာလသတင်းမျိူးစုံက မြင်မကောင်းရှုမကောင်းလောက်အောင်အွန်လိုင်းမှာပွထလာတယ် ဥပမာအားဖြင့် နေအဂ္ဂါအသက်ကြီးကြီးဘဲကြီးတစ်ဗွေနဲ့ဟော်တယ်ထဲဝင်သွားတာမြင်လိုက်တယ်ဆိုတဲ့သတင်းတွေ နာမည်ကြီးဂေးဒါရိုက်တာတစ်ယောက်ရဲ့မွေးစားခြင်းခံရပြီး မွေးမွေးပြီး အစားခံနေရတယ်တို့ဘာတို့ ဒီ့ထက်ပိုပြီးဆိုးရွားတဲ့သတင်းတွေတောင်ရှိသေးလို့ နေအဂ္ဂါအိမ်ထဲကအိမ်ပြင်တောင် မထွက်နိုင်လောက်အောင်အကြပ်ရိုက်တယ် ဘာပဲဖြစ်ဖြစ်သူတို့ကိုယ်သူတို့ ဖူဂျိူရှီတို့ LGBT supporters တို့လိုခေါင်းစဥ်တပ်သတ်မှတ်ထားကြတဲ့သူ့ဘက်ကထောက်ခံပေးတဲ့လူအများစုလည်းရှိလို့ သူနည်းနည်းလေးမှနောင်တမရပါဘူး အဲ့ဒီ့အခေါ်အဝေါ်တွေရဲ့အဓိပ္ပါယ်တွေကို သူသိပ်တော့နားမလည်ပေမဲ့ သူ့ဘက်ကရပ်တည်ပေးတဲ့လူတစ်ချိူ့ဆိုတာပဲသိတယ် သူကပဲတုံးတာလား အခုခေတ်ကလေးတွေကပဲလိုက်မမှီနိုင်တော့အောင် ခေတ်ရှေ့ပြေးကြလားတော့ သူမ​ပြောတက်ဘူး တကယ်တော့ သူ come out လုပ်ဖို့ကြိုးစားနေတဲ့အချိန်ကထဲက သူ့ကိုယ်သူသေဖို့အတွက်ကြွင်းထူးထားလိုက်ပြီးသား ဒီလောက်လူအများကြီးကထောက်ခံပေးကြတော့ သူအများကြီးအံ့သြခဲ့ရပြီးမျက်ရည်တောင်လည်ခဲ့ရတယ် သူကဖုန်းကိုမျက်စိကျွတ်ကျမတက်ကြည့်နေပြီး သူ့ကိုအားပေးထောက်ခံတဲ့မှတ်ချက်တွေကို တစ်ခု​ပြီး
တစ်ခုဖတ်ရင်း ပြုံးနေတယ် ထိုစဥ် သူ့မျက်စိရှေ့ကိုလက်တစ်စုံရောက်လာပြီး သူ့ဖုန်းကိုဆွဲလုခြင်းခံလိုက်ရတယ်

"မဟုတ်တဲ့သတင်းတွေဖတ်ပြီး ကိုယ့်ကိုယ်ကို စိတ်ညစ်ခံမနေနဲ့ ရှေ့နောက်မစဥ်းစားပဲလုပ်တုန်းကတော့ လူကိုနည်းနည်းလေးမှ မတိုင်ပင်ခဲ့ပဲနဲ့များ"

ထွဋ်ခေါင်ကနေအဂ္ဂါဖုန်းကိုလုယူလိုက်ပြီး စက်ပိတ်တယ် ပြီးနောက်နေအဂ္ဂါထိုင်နေတဲ့ကုတင်ရဲ့ မျက်နှာချင်းဆိုင်ဆိုဖာခုံပေါ်မှာထိုင်လိုက်တယ် ပြီးနောက် ထုံးစံမပျက်တဲ့သြဝါဒတွေကိုချွေတော့တယ် ကိုယ့်ကိုယ်ကို ပျော်ရွှင်စိတ်ချမ်းသာအောင် ဘယ်လိုနေသင့်တဲ့အကြောင်း လူ့ဘဝခဏရလာခိုက်မှာ စိတ်ဓာတ်မကျပဲဘဝကိုရှေ့ဆက်သွားသင့်ကြောင်း ဒီရခဲလှတဲ့လူ့ဘဝကြီးကို လွယ်လွယ်နဲ့မစွန့်လွှတ်သင့်ကြောင်း
အဆုံးမှာတော့ စိတ်ရောဂါကုပါရဂူနဲ့ဆွေးနွေးဖို့ အချိန်ညှိထားတယ်ဆိုတဲ့အကြောင်း နေအဂ္ဂါမှာတော့" မင်းထင်သလိုမဟုတ်ရပါဘူးကွာ"လို့တောင်ပြောချိန်မရလိုက်ပါဘူး ထွဋ်ခေါင်ကသူ့နားကိုရောက်လာပြီး သူ့ကိုဖတ်ထားပြီးပြီ ပါးစပ်ကလည်း" ဘာမှမဖြစ်ဘူး အားမငယ်နဲ့ မင်းမှာငါတစ်ယောက်လုံးရှိသေးတယ် "ဆိုတဲ့ မြန်မာဇတ်ကားတွေထဲမှာပါနေကျ စိတ်ဓာတ် ကျအားငယ်နေတဲ့ဇတ်လိုက်ကို သူ့အချစ်ဆုံးသူငယ်ချင်း အရန်ဇတ်ပို့တွေကဝိုင်းနှစ်သိမ့်ပေးနေကျလိုမျိူးအဖန်တရာတေနေတဲ့စကားတွေကို ပြောပြန်တယ် "ငါဘာမှမဖြစ်ဘူး ငါအခုတကယ်အဆင်ပြေတယ်"လို့ပြောတော့လည်း သနားသလိုမျက်လုံးတွေနဲ့ကြည့်လာပြီး "မင်းစိတ်ကိုတင်းမထားနဲ့ ငိုချင်ရင်ငိုချလိုက်"တဲ့ ဒီသောက်ကျိူးနည်းတလွဲကောင်ကို သူဘယ်လိုရှင်းပြရမှန်း စကားလုံးတောင်ရှာမတွေ့တော့ဘူး
မခံနိုင်တော့တဲ့အဆုံးမှာတော့ နေအဂ္ဂါက ထွဋ်ခေါင်ကို သူ့အခန်းထဲကနေကန်ထုတ်လိုက်ပါတော့တယ် "ကျေးဇူးပြုပြီး ငါ့ကိုတစ်ယောက်ထဲပေးနေစမ်းပါ"လို့ပြောတော့ ပိတ်ခါနီးတံခါးကို အတင်းဆွဲဖွင့်ပြီး ပြောတာက "ဒါသက်သေခါနီးလူတစ်ယောက်ပြောတဲ့စကား"တဲ့ ထွဋ်ခေါင်က အဲ့နေ့ကစပြီး သူ့ကိုတစ်ယောက်ထဲပေးမနေတော့ပါဘူး သူ့အိမ်ကိုပြောင်းလာပြီးတော့ ကော်နဲ့ကပ်ထားသလိုမျိူး သူဘယ်သွားသွား တကောက်ကောက်လိုက်ပါတော့တယ် နောက်ဆုံးအိမ်သာတက်တဲ့အချိန်တောင်မှ အိမ်သာရှေ့မှာထိုင်စောင့်ပါသေးတယ် အရမ်းကိုကြိုးကြိုးစားစားနဲ့ကို ဒီရက်ပိုင်းတွေမှာထွဋ်ခေါင်ကြောင့် စိတ်ညစ်နေရတာမလို့ ညဏ်းဧကရာဇ်ကိုလွမ်းဖို့တောင်အချိန်မရှိသလောက်ပါပဲ အဲ့ဒီ့နောက်ပိုင်းမှာတော့ အနုပညာရှင်ညီအစ်ကိုတစ်ယောက်ရဲ့မင်္ဂလာပွဲတစ်ခုကို တက်ဖို့အကြောင်းဖန်လာပါတော့တယ် မင်္ဂလာပွဲမှာနာမည်ကြီးမီဒီယာတော်တော်များများကိုဖိတ်ခေါ်ထားတာကြောင့် နေအဂ္ဂါကလက်ဖွဲ့တစ်ချိူ့ကိုလူလွှတ်ပြီးပို့စေခဲ့တယ် ဒါပေမဲ့လည်း ညစာစားပွဲကိုတော့ သူမဖြစ်မနေသွားရပါလိမ့်မယ် ကံကောင်းစွာနဲ့ ညစာစားပွဲက ရင်းနှီးသူလူနည်းစုကလွဲပြီး တစ်စိတ်ကိုတစ်အိတ်လုပ်ကြတဲ့ မီဒီယာတွေလည်းမရှိတာကြောင့် သူ့အတွက်သိပ်ပြီးဝန်ထုတ်ဝန်ပိုးမဖြစ်ခဲ့ဘူး ညစာစားပွဲနေရာက နာမည်ကြီးဟော်တယ်တစ်ခုရဲ့ မြက်ခင်းပြင်တစ်ခုပေါ်မှာဖြစ်တယ် မြက်ခင်းပြင်ကြီးရဲ့အလယ်ဗဟိုမှာတော့ လှပတဲ့ရေပန်းကြီးတစ်ခုရှိပြီးတော့ပတ်ပတ်လည်မှာရောင်စုံမီးရောင်တွေနဲ့အလှဆင်ထားတယ် နေအဂ္ဂါကဝိုင်တစ်ခွက်ကိုကိုင်ပြီးတော့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဘက်အမတစ်ယောက်နဲ့စကားပြောနေတယ် ထိုစဥ်သူတို့နားကို ခဲရောင်ပြောင်လတ်လတ်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့တစ်စုံတစ်ယောက်ကလာပြီးနှုတ်ဆက်တယ်

Before I Fall You[Completed]Where stories live. Discover now