အပိုင်း(၃၂)အလှလေးအား ကယ်တင်ခြင်း

488 32 0
                                    

ညဏ်းဧကရာဇ် က နှီးပလိုင်းလေးလွယ်ပြီး တောအုပ်လေးထဲကထွက်ခွာသွားတဲ့ နေအဂ္ဂါနောက်ကို ကမန်းကတန်းပြေးလိုက်သွားလိုက်တယ် နေအဂ္ဂါကတောင်တက်လမ်းလေးကနေသွေဖီပြီး ဝါးပင်တွေပြည့်နေတဲ့ တောအုပ်ထဲကိုဝင်သွားတာကြောင့် သူပါရောရောင်ပြီးလိုက်ဝင်မိလိုက်တယ် ဝါးပင်တွေကတစ်ပင်နဲ့တစ်ပင်နီးနီးကပ်ကပ်တည်ရှိနေပြီး တိုက်ခတ်လာတဲ့လေကြမ်းကြမ်းကြောင့် ဝါးပင်အချင်းချင်း တကျီကျီပွတ်တိုက်သံက ညဏ်းဧကရာဇ်ကို အနည်းငယ်လေးကြောက်စိတ်ဝင်စေတယ်

"နေအဂ္ဂါ...."

သူအကြိမ်တော်တော်များများ အော်ခေါ်ပေမဲ့ နေအဂ္ဂါရဲ့ပြန်ထူးသံကိုမကြားရဘူး ညဏ်းဧကရာဇ် က ခြောက်ကပ်လာတဲ့လည်ချောင်းကြောင့် တံတွေးအနည်းငယ်မြိုချလိုက်ရင်း ရှေ့ကိုဆက်သွားဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်တယ်

"မင်းဘယ်နားမှာရှိနေတာလည်း...."

ဥသြငှက်ရဲ့တွန်​ကြူးသံတစ်ခုထဲကသာ တောအုပ်အတွင်းပျံနှံ့နေပြီး "ဥသြ"ဆိုတဲ့အော်သံကိုထပ်ခါထပ်ခါပြုလုပ်ပေမဲ့ ညဏ်းဧကရာဇ် အတွေးထဲမှာတော့ သာယာကြည်နူးရမဲ့အစား ကြက်သီးမွှေးညှင်းတောင်ထလာရသည် ထပ်ခါ ထပ်ခါ အော်မြည်သံတွေက မသိရင်ကလေးတစ်ယောက်ရဲ့ငိုသံလိုပဲ သူ့ကိုယ်ကချမ်းစိမ့်စိမ့်ဖြစ်လာတာကြောင့် သူ့လက်မောင်းနှစ်ဖတ်ကို တစ်ခုနဲ့တစ်ခု ယှက်နွယ်ထားလိုက်တယ်
ဝါးတောအုပ်ရဲ့အဆုံးကိုရောက်တဲ့အထိနေအဂ္ဂါကိုမတွေ့ရတာ​ကြောင့် ညဏ်းဧကရာဇ် ရှေ့ဆက်သွားဖို့ဆုံးဖြတ်လိုက်တယ် ဘာပင်မှန်းရေရေရာရာမပြောတက်တဲ့ အမျိူးအစားမတူညီတဲ့သစ်ပင်တွေက အလေ့ကျပေါက်ရောက်နေကြတယ် သစ်ရွက်ခြောက်တွေက မြေပြင်ပေါ်မှာပျံ့ကျဲနေပြီး နေ့ခင်းကြောင်တောင်မှာတောင် ခြင်တွေကတဝီဝီပျံသန်းနေတယ် သူ့ကိုယ်ကအနည်းငယ်မောဟိုက်လာပြီး အားအင်ချိနဲ့သလိုဖြစ်နေတာကြောင့် ညဏ်းဧကရာဇ် အပင်တစ်ပင်အောက်မှာထိုင်နားလိုက်ရင်းတဖြည်းဖြည်းအိပ်ပျော်သွားတယ် သူ့နားမှာပျံသန်းနေတဲ့ တဝီဝီမြည်တဲ့ခြင်တွေကြောင့် သူနိုးလာပြီး ပတ်ဝန်းကျင်က ပိန်းပိတ်အောင်မှောင်နေတာကြောင့် လန့်ဖြန့်သွားသည်

Before I Fall You[Completed]Where stories live. Discover now