အပိုင်း(၃၆)အစ်ကို...မင်းကဟိုဟာဖြစ်နေတယ်

509 29 3
                                    

အရှိန်အဟုန်​ပြင်းပြင်းတောက်လောင်နေတဲ့ မီးတောက်တစ်ခု ညဏ်းဧကရာဇ်ရဲ့ အနက်ရောင် မဟူရာမျက်ဝန်းတွေထပ်မှာ ထင်ဟပ်နေပုံက တစ်မျိူးတစ်မည်လေး ပနံသင့်လို့နေတယ်နေအဂ္ဂါက မီးဖိုထဲ ထင်းတစ်ချောင်းထိုးထည့်လိုက်ပြီး မလှမ်းမကန်းက ပြောင်သလင်းခါနေတဲ့မြေပြင်ထက်မှာ ကလေးတွေကို ဂစ်တာတီးပြနေတဲ့ မိုးဆွေကို အပြုံးဖျော့ဖျော့လေးနဲ့ငေးကြည့်နေတယ် မမနိုင်နဲ့ လဲ့လဲ့ကတော့ မီးဖိုရှေ့မှာ ထိုင်ပြီး ထန်းမြစ်တွေ တစ်ချောင်းပြီးတစ်ချောင်း မီးဖိုထဲ ထိုးထည့်နေတယ် မေမေနုက အသက်ကြီးသူပီပီ အိပ်ယာစောစောဝင်သွားတာကြောင့် မြေပြင်မှာ ခင်းထားတဲ့ သစ်သားပြားထိုင်ခုံလေးက တစ်နေရာစာလစ်လပ်လို့နေတယ် ညဏ်းဧကရာဇ်က မမနိုင်ကိုငေးကြည့်ပြီး တစ်ခုခုပြောချင်နေပုံရတာကြောင့် မမနိုင် စကားလမ်းကြောင်းလိုက်တယ်

"ငါ့မောင်...အစ်မကိုဘာပြောစရာရှိလို့လဲ ပြောလေ"

ညဏ်းဧရာဇ်က လက်မှာပေနေတဲ့ ဖုန်မှုန့်တွေကို ခါချလိုက်ရင်း သူ့ဘေးမှာထိုင်နေတဲ့နေအဂ္ဂါကို အကြည့်ပို့မိတော့ နေအဂ္ဂါကလည်းသူ့ကိုပြန်ကြည့်ပြီးပြုံးပြတယ် ထို့နောက်မှ သူမမနိုင်ကို ကြည့်ပြီး မတိုးမကျယ်တဲ့ လေသံနဲ့ပြောလိုက်တယ်

"ကလေးတွေကို ကျွန်တော်တာဝန်ယူပါရစေ"

သူ့စကားကိုကြားတော့ နေအဂ္ဂါက အံ့သြနေတဲ့ အမူအရာနဲ့သူ့ကိုကြည့်လာတာကြောင့် သူနေအဂ္ဂါလက်ကို ဖြစ်ညှုစ်ပြီး ပြုံးပြလိုက်တယ်

"မမနိုင်ကျွန်တော့ကို ပြောတယ်လေ အဲ့ဒီ့အချိန်က တကယ်ရောက်လာပြီထင်တယ်ဒါက နေအဂ္ဂါကြောင့်လုပ်တာမဟုတ်ပဲ ကလေးတွေဘဝကိုပိုပြီးတိုးတက်စေချင်တဲ့ စေတနာသက်သက်ကြောင့်ပဲဆိုတာ မမနိုင်ယုံစေချင်တယ်"

မမနိုင်ကနေအဂ္ဂါဆီ အဓိပ္ပါယ်ပါပါ အကြည့်ပို့တော့ နေအဂ္ဂါချောင်းတစ်ချက်ဟန့်ပြီး စကားလမ်းကြောင်းလိုက်တယ်

"မင်းကိုယ့်ကို အထင်သေးနေတာလား ဒီလောက်ကလေးအယောက်သုံးဆယ်လောက်ကိုမပြောနဲ့ အယောက်တစ်ရာဖြစ်ပါစေ သူတို့ကိုတာဝန်ယူတဲ့သူက ကိုယ်တစ်ယောက်ထဲပဲဖြစ်ရမယ်"

Before I Fall You[Completed]Where stories live. Discover now