အပိုင်း(၁၈)စပရိုက်

427 33 5
                                    

တက်သစ်စမော်ဒယ်ကောင်မလေးနဲ့သတင်းထွက်တဲ့ကိစ္စပြီးတဲ့နောက်မှာ ညဏ်းဧကရာဇ် ကသူနဲ့တွဲရိုက်တဲ့မင်းသမီးမင်းသားမှန်သမျှနဲ့ သဝန်တိုတော့တယ် အစကတော့ညဏ်းဧကရာဇ်သူ့အပေါ်အာရုံစိုက်မှုလေးရှိတဲ့အပေါ် နေအဂ္ဂါသာယာနေခဲ့မိတယ် ဒါပေမဲ့နောက်ပိုင်းမှာညဏ်းဧကရာဇ်က ဆိုးသထက်ဆိုးလာတယ် သူ့ကိုအနုပညာနယ်ပယ်ကနေအပြီးအပိုင်နှုတ်ထွက်ခိုင်းတဲ့အထိ "ကိုယ်ကဘာနဲ့စားသောက်နေထိုင်ရမှာလဲ"လို့မေးတော့ "မင်းကိုငါတာဝန်ယူနိုင်တယ်"တဲ့လေ "ဒါဆိုကိုယ်ကမိန်းမထမိန်နားခိုစားတဲ့ကောင်ဖြစ်တော့မှာပေါ့"လို့ သူစနောက်ပြီးပြောတော့ ဒေါသတကြီးပြန်ပြောတာက "ငါကမင်းမိန်းမမဟုတ်ဘူး"တဲ့ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့အမြဲလိုလိုပြဿနာတက်နေရတော့ သူကိစ္စတစ်ခုကိုလုပ်ဖို့ကြိတ်ပြီး စီစဥ်ခဲ့တယ် ညဏ်းဧကရာဇ်ရဲ့ မွေးနေ့ပွဲမတိုင်မတိုင်မှီပေါ့ တစ်လလောက်အချိန်ယူစီစဥ်ပြီးတဲ့နောက်မှာ ညဏ်းဧကရာဇ်ရဲ့မွေးနေ့ပွဲနေ့က ရောက်ရှိလာပြီဖြစ်တယ် ဒါပေမဲ့ သူအဲ့ပွဲကိုပေါ်ပေါ်ထင်ထင်တက်လို့မရတာသူသိတယ် အဲ့ဒါကြောင့် မွေးနေ့မတိုင်ခင်ရက်ရဲ့ ညဆယ့်နှစ်နာရီထိုးတိတိမှာ အိမ်ကိုရောက်အောင်လာခဲ့ဖို့ ညဏ်းဧကရာဇ်ကိုခေါ်လိုက်တယ် သူ့အိမ်ရဲ့ခေါင်မိုးထပ်မှာ မီးသီးလေးတွေနဲ့အလှဆင်ထားပြီး ပန်းတစ်စီးလည်းရှိတယ် ဆင်တူလက်စွပ်လည်းရှိတယ် ပြီးတော့မွေးနေ့ကိတ်လှလှလေးလည်းရှိတယ် သူကညဏ်းဧကရာဇ်ကိုခေါင်မိုးထက်တက်လာခဲ့ဖို့ပြောလိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့အမှောင်ထုထဲမှာစောင့်နေခဲ့တယ် မကြာခင်ပဲ ခေါင်မိုးထက်တံခါးက "ကျွီ "ခနဲပွင့်လာတဲ့အခါ နေအဂ္ဂါက ဖယောင်းတိုင်တွေထွန်းထားတဲ့မွေးနေ့ကိတ်ကို ဝှေ့ယမ်းလိုက်ရင် အသံအကျယ်ကြီးအော်လိုက်တယ်

"Happy birthday !"

ညဏ်းဧကရာဇ်က နည်းနည်းလေးမှအံ့သြတဲ့ပုံမပြပဲ ဖယောင်းကိုမီးမှုတ်လိုက်တယ် သူ့ပါးစပ်ကလည်းမကျေမနပ်သံလေးထွက်လာသေးသည်

"ကလေးဆန်လိုက်တာ"တဲ့

သူပျော်နေမှန်းသိလို့ နေအဂ္ဂါကဂရုမစိုက်ပါပဲ မီးခလုတ်ကိုဖွင့်လိုက်တယ် လှပတဲ့ရောင်စုံမီးသီးတွေနဲ့ ဟင်းလင်းပြင်ကြီးထဲမှာတသီးတသန့်ထဲတည်ရှိနေတဲ့ စားပွဲခုံငယ်လေးတစ်လုံး အောက်ဖတ်မှာအမွှေးပွကော်ဇော်တစ်ခုခင်းကျင်းထားပြီး စားပွဲခုံလေးပေါ်မှာတော့ ပန်းစည်းတစ်စည်း နဲ့ အနက်ရောင်ကတီပါဘူးလေးတစ်ခု စားပွဲခုံလေးနဲ့မျက်နှာချင်းဆိုင်က ပရိုဂျက်တာမှာနေအဂ္ဂါရဲ့ပုံရိပ်က ထင်ဟတ်နေပြီးတော့ ခဏအကြာမှာတော့ထိုပုံရိပ်လေးကစကားတွေပြောလာခဲ့သည် ညဏ်းဧကရာဇ်က အမွှေးပွကော်ဇောပေါ်မှာထိုင်ချလိုက်ရင်း ပရိုဂျက်တာကို စိတ်ဝင်တစား ကြည့်လိုက်သည်

Before I Fall You[Completed]Onde as histórias ganham vida. Descobre agora