အပိုင်း(၁၇)ရှာလကာရည်မှောက်ခြင်းနှင့် လွတ်သွားသောမြေခွေး

431 32 0
                                    

ဓာတ်လှေကားက တရွေ့ရွေ့အပေါ်ဘက်ကိုရွေ့လျားနေပြီးတော့ ​​နေအဂ္ဂါကlaggageတစ်လုံးပေါ် သူ့တံတောင်ကိုတင်ထားပြီး လျော့တိလျော့ရဲမတ်တပ်ရပ်နေတယ် ဓာတ်လှေကားက ရပ်သွားတဲ့အခါ laggageကိုဆွဲပြီး ဓာတ်လှေကားထဲကထွက်လိုက်တယ် လေးငှားလှမ်းလောက်လှမ်းလို့အပြီးမှာတော့ သူ့ခြေလှမ်းတွေရပ်တန့်လိုက်ပြီး ကုပ်အင်္ကျီထဲကသော့ကိုဆွဲထုတ်လိုက်သည်။တံခါးကချပ်ခနဲပွင့်သွားပြီး ပြင်သစ်စတိုင်လ်မှန်ပြတင်းပေါက်ကျယ်ကြီးကို မျက်နှာမူထားတဲ့လူတစ်ယောက်ရဲ့ကျောပြင်ကိုတွေ့လိုက်ရတယ် နေအဂ္ဂါကအံ့သြသွားပြီး သူ့ကိုယ်သူတောင်မထိန်းနိုင်ပဲ လက်ထဲမှာကိုင်ထားသမျှအကုန်လွှတ်ချရင်း ထိုသူကိုအနောက်ကနေသိုင်းဖတ်ထားလိုက်တယ်

"ကိုယ့်ကိုဘယ်လောက်တောင် တွေ့ချင်နေလို့ အိမ်မှာတောင်ကြိုစောင့်နေရတာလဲ ဟင် "

ညဏ်းဧကရာဇ်ကသူ့ ခါးကလက်တွေကိုဖယ်ထုတ်လိုက်ပြီး နေအဂ္ဂါနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်တယ် သူ့လက်ထဲမှာကိုင်ထားတဲ့ဖုန်းကိုမြှောက်ပြလိုက်ရင်း

"ဒါကဘာသဘောလဲ မင်းညဏ်မှီသလောက်ငါ့ကိုရှင်းပြစမ်းပါဦး ဘယ်လိုအကြောင်းပြချက်တွေထွက်လာမလဲလို့ငါစောင့်ကြည့်မယ် "

နေအဂ္ဂါဖုန်းကိုကြည့်လိုက်တော့သူနဲ့တက်သစ်စမင်းသမီးတစ်ယောက်ရဲ့ ဘန်ကောက်ညစျေးမှာပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတဲ့ပုံရိပ်တွေ သတင်းခေါင်းစဥ်က "နာမည်ကြီးမင်းသားနေအဂ္ဂါနဲ့တက်သစ်စမော်ဒယ်မလေးတို့ရဲ့ ဘန်ကောက်ညစျေးကအချစ်ဇတ်လမ်း"

နေအဂ္ဂါလည်းမထင်မှတ်ထားတာကြောင့်အနည်းငယ်ကြက်သေသေသွားပြီးနောက် ညဏ်းဧကရာဇ်ရဲ့ထသတ််တော့မလိုအကြည့်စူးစူးတွေကြောင့် ပြန်လည်အသိဝင်လာရသည် နေအဂ္ဂါက သူ့လက်မောင်းတွေကို ညဏ်းဧကရာဇ် လည်တိုင်ပေါ်သိုင်းဖတ်လိုက်ရင်း မျက်နှာချိူသွေးလိုက်တယ်

"ကိုယ်တို့နှစ်ယောက်ထဲသွားတာမဟုတ်ပါဘူး အဲ့နေ့ကအဖွဲ့သားတွေတော်တော်များများပါတယ် လူစုကွဲပြီးကိုယ်တို့နှစ်ယောက်ထဲကျန်ခဲ့တာ ကိုယ်မိန်းမတွေမကြိုက်တာမင်းလဲသိရဲ့သားနဲ့"

Before I Fall You[Completed]Where stories live. Discover now