အပိုင်း(၃)ခြင်္သေ့ဂူထဲရောက်သွားတဲ့မြေခွေး🚨

689 34 3
                                    

အဖြူရောင်လိုက်ကာစလေးများက လေ၏အရှိန်ဖြင့် အားမာန်ဝင့်လျှက် ချောမောလှပသောလူငယ်လေး၏ မျက်နှာပေါ်သို့ ပွတ်တိုက်သွား၏
မနက်ခင်းနေရောင်နွေးနွေးက လူငယ်လေး၏ကိုယ်ပေါ်သို့ဖြာကျစီးဆင်းနေရာ သူမတူသောကိုယ်ရောင်ကိုယ်ဝါများကိုဖြစ်ပေါ်စေသည်။သွယ်လျလှပပေမဲ့ ယောက်ျားဆန်တဲ့ လူငယ်လေးရဲ့လက်တွေဟာ လက်သုံးချောင်းခန့်အထူရှိတဲ့စာအုပ်ရဲ့မျက်နှာပြင်မှာ ကူးလူးရွေ့လျား​နေသည်လူငယ်လေး၏ကြည်လင်တောက်ပသော မျက်ဝန်းအစုံသည်လည်း ထိုစာအုပ်ပေါ်တွင်သာ အာရုံစူးစိုက်လျှက် ပတ်ဝန်းကျင်တစ်ခွင်လုံးက နူးညံ့မှုအပေါင်းသရဖူဆောင်းလျှက် ရှိသည်။ "ကဒ်"ဆိုသည့်အသံနှင့်အတူ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားလေးဘဝမှ တည်ငြိမ်ရင့်ကျက်သောနေအဂ္ဂါအဖြစ်သို့ကူးပြောင်းသွားသည်။ ရေသန့်တစ်ဗူးနှင့်အတူ ထွဋ်ခေါင်သူ့နားသို့ရောက်လာသည်။

"ရော့ လန်းသွားအောင်သောက်လိုက်"

ထွဋ်ခေါင်ပေးသည့်ရေသန့်ဘူးအားလှမ်းယူလိုက်ရင်း ပါးစပ်အပြည့်နှင့်တစ်ငုံသောက်လိုက်သည်။
အာဏာဖီဆန်လိုတဲ့ ရေကြည်တစ်ပေါက်ဟာ သူ၏အာခံတွင်းထဲသို့စံမြန်းချင်ပုံမရ မေးရိုးတစ်လျှောက်လျှောချစီးဆင်းရင်း သူ၏ adam's appleလေးတွင် အဆုံးသတ်သည်။

ဤမြင်ကွင်းကိုမြင်နေရသော ကျောင်းသူလေး​လေးငါးခြောက် ​ယောက်အဖွဲ့သည် "အား"ဆိုသည့် အော်သံနှင့်အတူ ကျောင်းစာကြည့်တိုက်ထဲမှ ရှက်ကိုးရှက်ကန်းပြေးထွက်သွားကြကုန်သည်။

"လက်ထောက်ကောင်လေးကို ပစ္စည်းတွေသိမ်းခိုင်းပြီးကားထဲကပဲစောင့်နေခိုင်းလိုက် ငါသွားစရာရှိသေးလို့ မင်းကတော့စောစောပြန်နားလိုက်တော့"

ထွဋ်​ခေါင်အား မှာစရာရှိတာမှာပြီး အဆောက်အဦးထဲမှထွက်မည်အပြု

"မင်းပြဿနာရှာမလာခဲ့နဲ့ဦးနော် မြန်မြန်ပြန်လာခဲ့ "ဆိုတဲ့ ထွဋ်ခေါင်ရဲ့ နားစည်ကွဲလုမတက်အော်သံကြီးကိုကြားလိုက်ရသည် ဟိုကောင်လေးရဲ့ဒေါသတကြီးအော်သံလိုနားထောင်မကောင်း သူနည်းနည်းလေးပြုံးမိသွားကာ အရှက်ပြေသူ့ရဲ့နားထဲကိုလက်သန်းနဲ့ကလော်လိုက် ပြီးသူ့နှုတ်ခမ်းနဲ့ဖူးခနဲ့နေအောင်မှုတ်ထုတ်လိုက်တယ် ဂီတအခန်းရှိရာသို့ သူရောက်သွားတော့ ဂီတသံလေးတွေနဲ့ချိူမြိန်နေရမဲ့အစား သုသာန်တစပြင်လိုတိတ်ဆိတ်နေတဲ့ အခန်းလွတ်ကြီးတစ်လုံးကိုသာတွေ့တယ် လူနဲ့တူတာဆိုလို့ တစ်ယောက်တစ်လေတောင်မရှိ သူနည်းနည်းတော့စိတ်ပျက်သွားသည်
သူသိတာဆိုလို့ "ညဏ်း"ဆိုတဲ့နာမည်လေးတစ်လုံး Professional University ရဲ့ကျောင်းသားတစ်ယောက်ဆိုတာရယ် ကျောင်းထဲကတွေ့ရာလူကိုလိုက်မေးရအောင်လည်း တစ်ကျောင်းလုံးက "ညဏ်း"ဆိုတဲ့နာမည်ကို သိဦးမှကို သူ သက်ပြင်းချမိသွားရင်း ညွှတ်ကျနေတဲ့ပုခုံးနဲ့အတူ လာရာလမ်းသို့သာပြန်လှည့်ရတော့တယ်  လွန်ခဲ့တဲ့ နှစ်ရက်တုန်းကလို သူပျောက်သွားသည်အထင်ဖြင့် တစ်ကျောင်းလုံးကတာဝန်ရှိသူတွေကိုခေါ်လာတဲ့ထွဋ်ခေါင်လိုကောင်ကိုလည်းကြောက်ရသေးသည် အဲ့ဒီ့နေ့က "ညဏ်း"ကိုသူရှာမတွေ့ခဲ့ပါ။ထို့နောက် စိတ်ဓာတ်ကျစွာအိမ်ပြန်လာပြီး တစ်ပတ်မြောက်သောနေ့တွင်ဖြစ်သည်။သူသည် အိမ်ထဲတွင်မိမိကိုယ်ကိုလှောင်ပိတ်ထားသည်မှာ ခြောက်ရက်ပြည့်ပြီးသည့်နောက် ကလပ်တစ်ခုဆီသို့အပျော်ရှာရန်ထွက်လာခဲ့သည်။

Before I Fall You[Completed]Opowieści tętniące życiem. Odkryj je teraz