အပိုင်း(၁၂)နောက်ဆုံးသောအသက်ကယ်ဆေး

478 28 8
                                    

"ဖေငယ်ဘာလို့ကျွန်တော့်ကို မွေးစားခဲ့တာလဲ"

ကလေးငယ်လေးက သိချင်စိတ်အပြည့်မျက်ဝန်းလေးတွေနဲ့မေးလိုက်တယ်

"သားက ဖေငယ်တို့ထဲက တစ်ယောက်ယောက်လို့ခန့်မှန်းမိလို့"

အမျိူးသားက ကလေးငယ်ရဲ့ပါးပြင်အိအိလေးတွေကို အသဲယားစွာဆွဲညှစ်ပြီးပြောလိုက်တယ် ကလေးငယ်ကတော့ နားမလည်နိုင်တဲ့မျက်ဝန်းလေးတွေနဲ့ထိုအမျိူးသားကိုမော့ကြည့်နေလေရဲ့

"သားအရွယ်ရောက်လာရင် နားလည်သွားမှာပါ"

ဘယ်​နေရာက လာမှန်းမသိတဲ့အမျိူးသားရဲ့စကားပြောသံတစ်ခုကသူ့နားစည်ကိုတုန်ခါစေပြီးတော့ ပဲ့တင်ထပ်သံတွေကို ဖြစ်ပေါ်စေတယ်

ရုတ်တရက်မြင်ကွင်းကမှောင်မိုက်သွားပြီး စူးရှတဲ့အလင်းတန်းတစ်ခုက သူ့မြင်ကွင်းပေါ်ဖြာကျနေတယ် အမျိူးသားတစ်ယောက်ရဲ့ ရင်ကွဲမတက်အော်ငိုနေတဲ့အသံကိုသူကြားလိုက်ရတယ်

"ငါကိုယ်တိုင် မင်းကိုနွံထဲနှစ်မိပြီ"

အမှောင်ထုက ထပ်မံပြီးသူ့ကိုဝါမြိုသွားပြန်တယ် လေးဖတ်လေးလံထွက်ပေါက်မရှိတဲ့အခန်းကျဥ်းတစ်ခုထဲကိုသူရောက်နေပြီးရှူရှိုက်ဖို့လေကို အသဲအသန်ရှာဖွေနေမိတယ်

"နင်သူ့ကိုသတ်ခဲ့တာ"

"နင်ကလူသတ်သမား"

ထိတ်လန့်ဖွယ်ကောင်းတဲ့ စူးစူးဝါးဝါးအော်သံကြောင့် သူအိပ်ယာမှနိုးထလာခဲ့သည် သူ့တစ်ကိုယ်လုံးချွေးတွေနဲ့ ရွှဲရွှဲစိုနေပြီး ကူကယ်ရာမဲ့သလိုခံစားလာရသည် အိပ်ခန်းမီးတွေအားလုံးကို လင်းထိန်သွားအောင်ဖွင့်မိတော့ သူ့ဘေးနားမှာ ငြိမ်ချမ်းစွာအိပ်ပျော်နေတဲ့တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရတယ် သူတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ခံစားချက်လေးဝင်လာပြီး သူ့ရင်ထဲမှာနွေးထွေးတဲ့ လှိုင်းလေးတစ်ခုဖြတ်ပြေးသွားခဲ့တယ် သူကငြင်သာတဲ့လှုပ်ရှားမှုလေးတစ်ခုကိုပြုလုပ်ရင်း အိပ်ခန်းမီးတွေကိုပြန်မှိတ်လိုက်တယ် မျက်လုံးတွေကိုမှိတ်လိုက်ပြီး သူ့ဘေးကအသက်ရှူသံဖျော့ဖျော့လေးကိုအာရုံစိုက်နားထောင်နေလိုက်တယ် သူ့ခေါင်းရင်းက ဒစ်ဂျစ်တယ် နာရီကိုလှမ်းကြည့်မိတော့ မနက်နှစ်နာရီ အချိန်ဖြစ်တာကိုသိလိုက်ရတယ် မနေ့ညက ညဏ်းကရာဇ်ကအိမ်မပြန်ပဲနဲ့ သူ့ဘေးနားမှာ
ရှိ​နေပေးခဲ့တယ် ပထမဦးဆုံးအနေနဲ့ ညစ်ညစ်ညမ်းညမ်းကိစ္စတွေမပါပဲ လိုလိုလားလားနဲ့ပေါ့ရုတ်တရက်ဆန်စွာပဲ ညဏ်းဧကရာဇ်က ညဏ်းဧကရာဇ်မပီသတော့ပြန်ဘူး အသက်ရှူသံဖျော့ဖျော့ရှိရာဆီသို့ စမ်းတဝါးဝါးလက်လှမ်းလိုက်ရင်း ချစ်ရပါတယ်ဆိုတဲ့အကောင်စုတ်လေးကို ရင်ခွင်တွင်းသွတ်သွင်းသိမ်းဖွက်မိတယ် အသက်ရှူသံဖျော့ဖျော့က သူ့ရင်ဘတ်တွေရဲ့တစ်နေရာကို ခပ်သာသာလေးတိုးဝေ့နေပြီးတော့ အိပ်ချင်စိတ်တွေကိုဖြစ်ပေါ်စေတယ် သူလေပူတစ်ချိူ့ကိုမှုတ်ထုတ်ပြီးတဲ့နောက်မှာတော့ သူတောင်မသိလိုက်ခင်မှာပဲ အိပ်ပျော်သွားခဲ့တယ် မနက်ခင်းနိုးလာတဲ့အခါ သူ့ရင်ဘတ်နားက ကိုယ်ငွေ့နွေးနွေးကိုခံစားမိလိုက်တယ် မျက်လုံးမှိတ်ရက်သားနဲ့ပဲ သူ့မေးစေ့နားက ဆံနွယ်တွေကို လက်ချောင်းတွေနဲ့ထိုးဖွလိုက်တယ် ခပ်ဖွဖွအနမ်းတစ်ခုနဲ့အတူပေါ့သူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါ ကြက်သေသေသွားတဲ့ခံစားချက်ဖြစ်ပေါ်လာပြီးတော့ သူ့စိတ်ထဲမှာ အသံအကျယ်ကြီးဆဲရေးလိုက်တယ်"နေအဂ္ဂါ မင်းအခုချက်ချင်းအရှင်လတ်လတ်ကြွင်းတူးပြီးဘာလို့မသေလဲ" သူ့ကိုမျက်တောင်မခတ်ပဲကြည့်နေတဲ့ မျက်လုံးအစုံကို လျစ်လျူရှုပြီးတော့ နေအဂ္ဂါ အပြင်းကျောဆန့်လိုက်တယ်

Before I Fall You[Completed]Where stories live. Discover now