အပိုင်း(၅)ငါကအထက်ကလူ(ငါကအထက္ကလူ)

575 33 4
                                    

ကလပ်ကပြန်လာပြီး နှစ်ရက်အကြာတွင်ရုပ်ရှင်ရိုက်ကူးရေးတစ်ခုကြောင့် နေအဂ္ဂါ ရှမ်းပြည်ဘက်သို့ခရီးထွက်ရသည် အေးလွန်းလို့ရိုက်ကူးရေးရှိချိန်ကလွဲရင် သူအပြင်မထွက်တော့ အခန်းအောင်းနေတာကြောင့် ထွဋ်ခေါင်ကအားမလိုအားမရတွေဖြစ်ပြီး ရှူခင်းတွေလျှောက်ကြည့်ဖို့ မြှူစွယ် သူကမလိုက်ချင် ထွဋ်ခေါင်ကလည်း တစ်ယောက်ထဲမသွားချင်နှင့် နောက်ဆုံးသူ့အပေါ်သာဒေါသတွေပုံချတော့သည်။

"နေအဂ္ဂါ တံခါးဖွင့် "

အခုလဲ နေအဂ္ဂါအခန်းတံခါးကို တဒုန်းဒုန်းနှင့်ထုရိုက်နေပြန်သည်။

"မင်းဘာတွေဒီလောက်ဆူညံနေရတာလဲ"

နေအဂ္ဂါက အခန်းတံခါးကိုပြင်းတိပြင်းရွဲဖွင့်ပေးရင်း သန်းဝေနေသောပါးစပ်အားလက်ဖြင့်ကာ၍ပြောတာကြောင့် သူ့အသံက ပလုံးပထွေးဖြစ်နေသည်

ထွဋ်ခေါင်က ​နေအဂ္ဂါဘကိုကျော်၍အခန်းထဲကိုခြေလှမ်းကျဲကျဲကြီးတွေနဲ့ဝင်သွားပြီး နေအဂ္ဂါ  အိပ်ယာပေါ်သို့ပိုင်စိုးပိုင်နင်းထိုင်ချလိုက်သည်

"နေအဂ္ဂါ မင်းငါ့ပေါ်ဘာမကျေမနပ်တွေများဖြစ်နေလဲ မင်းအကောင်ကိုငါကခွေးလို့ပြောလိုက်တာကိုမင်းမကျေနပ်တာလား ငါနဲ့အပြင်လေးခဏလေးလိုက်ခဲ့ပါဆိုတာကို မင်းအဲ့လောက်ကြီးခါးခါးသည်းသည်းငြင်းစရာလိုလို့လား"

နေအဂ္ဂါက စိတ်ပျက်စွာခေါင်းရမ်းလိုက်ရင်း

"မင်းဦးနှောက်က ချီးတွေနဲ့ပဲပြည့်နေတာလား သူငယ်ချင်း ဒီလောက်အရမ်းအေးနေတာငါအပြင်ထွက်ဖို့ပြင်းတယ်ပြီးတော့ ရိုက်ကူးရေးကြောင့်ငါပင်ပန်းနေတယ် ငါ့မှာ​​​လေ
ခြေထောက်လေးတစ်ချောင်းတောင်ကြွချင်စိတ်မရှိဘူး ရှင်းလား"

ထွဋ်ခေါင်က ဒေါသထွက်နေတဲ့မျက်နှာနဲ့

"အဲ့ဒါဆိုလည်းအဲ့လိုကောင်းကောင်းပြောလေ မင်းမျက်နှာ ကအီးမှန်နေတဲ့ရုပ်လိုမျိူး တစ်ချိန်လုံးသုန်မှုန်နေတာကို ငါစိတ်မပူပဲနေမလား တစ်ချိန်လုံးအခန်းအောင်းနေပြီးတော့ ရိုက်ကူးချိန်ပြီးတာနဲ့ မင်းကစကားမပြောတော့ဘူးလေ"

Before I Fall You[Completed]Where stories live. Discover now