အပိုင်း(၆)ကိုကို🚨

713 39 15
                                    

Warnning-sexual content alert🚍
Read atyour own risk

"ငါကအထက်ကလူ"

တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ နေအဂ္ဂါရဲ့အသံကဟိန်းထွက်သွားသည်။အိမ်ရဲ့လေထုထဲတွင်တော့ အေးစက်စက်အငွေ့အသက်တွေနဲ့ပူလောင်တဲ့ရမ္မက်အခိုးအငွေ့တွေ ရောပြွန်းနေလေတယ်

"မင်းဒီစကားကိုအခုအချိန်ပြောမှဖြစ်မှာလား"

ညဏ်းဧကရာဇ်က ဒေါသတကြီးထထိုင်လိုက်ပြီး

"ဒီလိုမလာခင်ကထဲကပြောသင့်တယ်လေ ငါအခုလိုအခြေအနေမဖြစ်ခင်ကထဲက မင်းပြောသင့်တယ်လေ"

ညဏ်းဧကရာဇ်က သူ့ဒေါသကို အသက်တစ်ရှိုက်ရှူထုတ်ပြီးမျက်လုံးမှိတ်ရင်း ငြှိမ်းသက်လ်ိုက်တယ် မည်းနက်ရှည်လျားတဲ့မျက်တောင်လေးတွေနောက်တစ်ခေါက်ပွင့်ဟလာချိန်တွင်တော့ သူ့မျက်နှာမှာဒေါသအရိပ်အရောင်တွေမရှိတော့ဘူး သူကုတင်ပေါ်ကိုဖြည်းဖြည်းချင်းတက်လိုက်ရင်း နေအဂ္ဂါိနားမှာထိုင်လိုက်တယ် ပြီးနောက်နေအဂ္ဂါရဲ့လည်တိုင်ကြားသူ့မျက်နှာကိုအပ်လိုက်ရင်း လေသံဖျော့ဖျော့လေးနဲ့ပြောတယ်

"မင်းငါ့ကို မသနားဘူးလားဟင် ငါ့ကိုယ်ကတင်းကြပ်လွန်းလို့ငါရူးတော့မယ် မင်းကိုလိုချင်လွန်းလို့ငါရူးတော့မယ် ငါ့ကိုမကူညီချင်ဘူးလားဟင် "

"ကိုကို"

ပြီးနောက် နေအဂ္ဂါရဲ့နားထဲသို့ သူ့နှုတ်ခမ်းကလေပူတွေကို ခပ်ဖျော့ဖျော့လေး မှုတ်သွင်းလိုက်တယ်

နေအဂ္ဂါက "ကိုကို"ဆိုတဲ့ ချွဲသံပိစိလေးပါတဲ့လေသံကြောင့် သူ့လိပ်ပြာတွေအနှုတ်ခံရသလိုငြိမ်သတ်နေတယ် သူ့လက်တစ်ဖတ်က တဒုန်းဒုန်းခုန်နေတဲ့ သူ့ရင်ဖက်အားဖိကပ်ထားသည်
ဘာမှတုန့်ပြန်ခြင်းမရှိလာတဲ့ တစ်ဖတ်လူကို ညဏ်းဧကရာဇ်က ထပ်မံဦးဆောင်ပြီးနမ်းလိုက်တယ် သူ့အနမ်းတွေကြားက နေအဂ္ဂါရုန်းမထွက်နိုင်တော့ဘူး သူ့ခန္ဓာကိုယ်က အင်အားတွေဆုတ်ယုတ်လာပြီး ပျော့ခွေသွားကျတာကြောင့် ညဏ်းဧကရာဇ်ရင်ခွင်ထဲတွင်သာ အလိုက်သင့်လေးမှီခိုနေရသည်

"ကိုကို"

ညဏ်းဧကရာဇ်က ခွေးပေါက်လေးလိုမျိူးသူ့အနားမှာ ပွတ်သပ်ချွဲနွဲ့နေပြီး သူကတော့ထပ်ခါ ထပ်ခါ ကျဆုံးခြင်းနဲ့အတူ သူ့နှလုံးသားကိုရောသူ့ခန္ဓာကိုယ်ကိုပါ ထိုသူ့ရှေ့တွင်ပြာချသဂြိုလ်လိုက်ပြီဖြစ်သည် ညဏ်းဧရာဇ်ရဲ့ နှုတ်ခမ်းက သူ့ရင်ဘတ်ပေါ်ကအထိမခံနိုင်တဲ့ဧရိယာနှစ်ခုပေါ်ကူးလူးပြေးလွှားနေပြီး သူ့လက်တွေကလည်း နေအဂ္ဂါရဲ့ခန္ဓာကိုယ်အနှံ့ကျူးကျော်ဝင်ရောက်နေပြီး သာယာမှု​ကြောင့် သူတိုးတိုးလေး ညည်းတွားလိုက်သည်။တစ်ချိန်မှာပဲ သူ့နှလုံးသားက တ ဒုတ် ဒုတ်မြည်သံကိုစည်းချက်ကျကျပြုလုပ်တယ် သူ့ဆီကို ချောဆီရှိလားလို့မေးလိုက်တဲ့ အက်ရှရှအသံလေးကိုရော တပ်မက်စိတ်ပြင်းပြနေတဲ့မတ်မွန်သီးလို မျက်လုံးရွဲတွေကိုရောပေါ့ သူ့မျက်ဝန်းတွေနဲ့ ဘယ်တော့မှမမေ့နိုင်တော့တဲ့ ပန်ချီးကားတစ်ချပ်ကို ရေးဆွဲထားလိုက်တယ် တိုးဝင်လာတဲ့ လက်ချောင်းသွယ်သွယ်တွေကြောင့် မျက်မှောင်ကြုံ့မိတော့ သူ့လှုပ်ရှားမှုတွေကိုရပ်တန့်ရင်း နာလားလို့သူကမေးခဲ့တယ် ဘာကြောင့်မှန်းမသိ ကောင်လေးရဲ့ ပျော့အိအိဆံသားတွေကိုပုတ်ပေးရင်းနဲ့ ခပ်ရှက်ရှက်နဲ့ပဲ ဆက်လုပ် လို့သာခပ်တည်တည်ပြောခဲ့တယ် တကယ်တော့ သူ့ရင်ထဲမှာဝုန်းဒိုင်းကျဲနေပြီ ကံကောင်းစွာနဲ့ သူကသရုပ်ဆောင်တစ်ယောက်။

Before I Fall You[Completed]Where stories live. Discover now