အပိုင်း(၁၄)ကြား သုံး ကြား/ၾကား သုံး ၾကား

437 26 12
                                    

"နေအဂ္ဂါ ငါ့ကိုလာခေါ်ပေး မင်းငါ့ဆီလာပေးပါ ငါအရမ်းပင်ပန်းနေပြီ"

မငိုရုံတမယ် ဖုန်းဆက်လာတဲ့ညဏ်းဧကရာဇ်ကြောင့် နေအဂ္ဂါကားသော့ကိုဆွဲပြီး အိမ်ထဲကအလျင်အမြန်ပြေးထွက်မိတယ် ကားမမောင်းတာဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပေမဲ့ သူ့အာရုံတွေကရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနဲ့ကိုမှတ်မိနေတုန်းပဲ သို့ပေမဲ့ သူဂရုမစိုက်နိုင် ညဏ်းဧကရာဇ် ဆီကိုသာအပြေးလေးအရောက်သွားချင်တဲ့စိတ်က ကြီးစိုးနေတာကြောင့် မီးနီဘယ်နှစ်ခုကိုဖြတ်မောင်းခဲ့သလဲ သူမမှတ်မိတော့ နေအဂ္ဂါအရက်ဘားကိုရောက်တဲ့အချိန်မှာ ညဏ်းဧကရာဇ်က စကားမေးမရတော့လောက်အောင်ကိုမူးမှောက်နေပြီ

"ညဏ်း.... အိမ်ပြန်ရအောင် ထ"

မေးဖျားလေးကိုဆွဲကိုင်ပြီး ခပ်ဖွဖွလှုပ်နှိုးလည်းနိုးမလာ လက်မောင်းရင်းမှဆွဲမြှောက်၍ သူ့ကျောပေါ်သာ တင်လာခဲ့ရတော့သည် သူ့ထက်အလေးချိန်များတဲ့ ခန္ဓာကိုယ်ကြောင့် ခြေလှမ်းတွေက မခိုင်ချင် ကားတံခါးကိုအမြန်ဆွဲဖွင့်ရင်း ကားနောက်ခန်းဆီထိုးသိပ်ထည့်တော့ "ချမ်းလေး"ဆိုတဲ့ ငိုသံသဲ့သဲ့ကထွက်လာသည် လက်နှစ်ဖတ်ကလည်း သူ့ခါးကိုအလွတ်မပေး အားပြင်းပြင်းဆွဲယူခံရမှုနှင့်အတူ ညဏ်းဧကရာဇ်ရဲ့ကျယ်ပြန့်ပြန့်ရင်အုပ်ပေါ်သို့ သူပါအထပ်လိုက်လဲကျသည် နေအဂ္ဂါက အလျင်အမြန်ကုန်းရုန်းထလိုက်ရင်း ကားတံခါးကိုပိတ်လိုက်သည် ပုခုံးစွန်းနှစ်ဖတ်ပေါ်သို့ကျရောက်လာတဲ့လက်တစ်စုံဟာ အင်အားအလုံးအရင်းနဲ့အတူ သူ့ကိုယ်ကိုအနောက်ဖတ်သို့ဆွဲလှည့်ယူသည် ရင်ခွင်တွင်းတိုးဝှေ့ခိုလှုံလာတဲ့ ခပ်နွမ်းနွမ်းခံစားချက်တစ်စုံကို တွန်းမထုတ်ရက်ခဲ့ ညဏ်းဧကရာဇ်က နေအဂ္ဂါရဲ့ ရင်ဘတ်တွေပေါ်သူ့မျက်နှာကိုမြှပ်နှံထားပြီး ခပ်ဖြေးဖြေးလေးပွတ်တိုက်နေရင်း သူ့ပုခုံးတွေက ငိုလွန်းလို့တသိမ့်သိမ့်တုန်ခါနေခဲ့သည်

"ချမ်းလေး...ချမ်းလေး..သူ စေ့စပ်တော့မှာ  ငါဘာလုပ်သင့်လဲ ငါဘာလုပ်သင့်လဲ"
နေအဂ္ဂါက အလိုက်သင့်လေးကျောပြင်ကိုခပ်ဖွဖွပုတ်ပေးနေပြီးတော့ သူ့ပါးစပ်ကတော့ဆန့်ကျင်ဘက်စကားတွေကိုသာ တရက်စက် ပြောဆိုမိတယ်

Before I Fall You[Completed]Where stories live. Discover now