အပိုင်း(၂၆)ဇာတိမြေသို့ပြန်ခြင်း

504 31 1
                                    

နေရောင်ပြင်းပြင်းအောက်မှာ maskတပ်ထားတဲ့အမျိူးသားတစ်ယောက်က သူ့အရပ်တစ်ဝက်လောက်ရှိတဲ့ ခရီးဆောင်အိတ်ကြီးကိုဆွဲပြီး ပင်ပန်းနွမ်းနယ်စွာလမ်းလျှောက်လာတယ် သူ့အပေါ့်တည့်တည့်ကိုကျရောက်နေတဲ့ နေရောင်ခြည်ကြောင့် မသက်မသာဖြစ်နေတဲ့အပြင် ကားနှစ်ဆင့်သုံးဆင့်လောက်စီးလာရတာကြောင့် သူ့ခန္ဓာကိုယ်ကခြေတစ်လှမ်းတောင်မလှမ်းချင်တော့လောက်အောင် ညောင်းကိုက်နေတယ်
နေအဂ္ဂါ ဘေးဘီကိုဝေ့ကြည့်ရင်း အငှားယဥ်တစ်ခုခုကိုရှာနေပေမဲ့ လမ်းတစ်လျှောက်လုံး ခွေးတစ်ကောင်ကြောင်တစ်မှီးတောင်မတွေ့တာမို့ ကားငှားမဲ့သူ့စိတ်ကူးကိုမြန်မြန်ပဲ လက်လျှော့လိုက်ရတော့တယ် နေအဂ္ဂါစိတ်ပျက်လက်ပျက် လမ်းလျှောက်နေတုန်း သူ့နားထဲမှာ ​ဆူညံသံတစ်ခုခုကိုကြားတာကြောင့် သူ့မျက်လုံးထဲမျှော်လင့်ချက်ရောင်ခြည်လေးတွေ လင်းလတ်သွားပြီး နောက်ကိုအမြန်လှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ လေးပင်စွာမောင်းလာတဲ့ထော်လာဂျီတစ်စီးကိုတွေ့လိုက်ရတယ်

"ဗျိူ့..... ဦးလေးမြို့စွန်ကိုသွားမှာလား"

​နေအဂ္ဂါအသံကျယ်ကျယ်နဲ့အော်မေးလိုက်တော့
ဝါးဖတ်ခါးမောက်ကိုဆောင်းထားတဲ့ အသားညိုညို ဗိုက်ပူပူနဲ့ထော်လာဂျီမောင်းနေတဲ့ဦးလေးကြီးက အာဘောင်အာရင်းသန်သန်ဖြင့်အသံပြုသည်

"တူကြီးကဘယ်ကိုသွားမလို့တုန်း မြို့စွန်မှာလယ်ကွင်းတွေကလွဲပြီး ဘာမှမရှိဘူး"

"ဦးလေးမေ့နေတာဖြစ်မှာပါ....တောင်ခြေနားကတောအုပ်ထဲမှာ မိဘမဲ့ဂေဟာတစ်ခုရှိတယ်လေ"

"အေးကွ..... အဲ့နေရာကလူသွားလူလာမရှိတော့ ငါတောင်မေ့တော့မလို့ ဒါဆိုလည်းတက်ကွာ"

နေအဂ္ဂါလည်းတုန့်ဆိုင်းမနေတော့ပဲ ထော်လာဂျီပေါ် သူ့ခရီးဆောင်အိတ်ကိုပစ်တင်လိုက်ပြီး သူကိုယ်တိုင်လည်း ခပ်သွက်သွက်လေးတက်လိုက်ရင်း ထော်လာဂျီပေါ်ရှိ ထိုင်စရာဘောင်တန်းတွေပေါ်တက်ထိုင်လိုက်တယ်

"ချီး"

ဘောင်တန်းနဲ့တင်ပါးနဲ့ထိရုံရှိသေး သံပူပူနဲ့သူ့တင်ပါးမိတ်ဆက်သွားတာကြောင့် အာမေဒိတ်သံတိုးတိုးလေး ပွင့်အံလာရင်း သူထိုင်ရာကဆက်ခနဲ့ထထိုင်မိသည် နေအဂ္ဂါအထနဲ့ ထော်လာဂျီအထွက်တည့်တည့်တိုးတာ​ကြောင့် နောက်ပြန်လန်ကျတော့မယ့်အရေးကို ထော်လာဂျီအစွန်းမှာစိုက်ထားတဲ့သံတိုင်တွေကျေးဇူးနဲ့ ကယ်တင်လိုက်နိုင်တာကြောင့် နေအဂ္ဂါစိတ်ထဲကရေရွတ်လိုက်တယ်
"ကျေးဇူးတော်ကြီးမားလှပါကြောင်းပါအရှင်ဘုရား "လမ်းတစ်လျှောက်လုံးမှာရှိတဲ့အဖုအထစ်အချိူင့်အကွက်တွေကြောင့် နေအဂ္ဂါမှာထိုကဲ့သို့သာဘုရားတရင်း ထော်လာဂျီပေါ် ပါလာခဲ့ရတော့တယ် ဒါ့အပြင် လမ်းတစ်လျှောက်လုံး မှုတ်ထုတ်လာတဲ့ ထော်လာဂျီအခိုးအငွေ့တွေကိုလည်း တစ်ဝကြီးရှူရှိုက်လိုက်ရသေးတာကြောင့် နေအဂ္ဂါသူ့ဘဝသူမသနားပဲမနေနိုင်တော့ မကြာသေးခင်ကမှ ဟတ်တပ်ကွဲထားရတဲ့အသဲကလဲ အခုထိပင်သွေးမတိတ်သေးတာကြောင့် ဝမ်းနည်းမှုအလုံးအရင်းက သူ့လည်ချောင်းပေါ်ဆန်တက်လာပြီး နှာခေါင်းတွေတောင်မွှန်သလိုရှိလာသည်
ဝါးခမောက်ဦးလေးကြီးက နေအဂ္ဂါပြောတဲ့​နေရာ
ကိုရောက်တာနဲ့ သူ့ထော်လာဂျီကိုစက်သပ်လိုက်တာကြောင့် နေအဂ္ဂါ အသိပြန်ဝင်လာပြီး ခရီးဆောင်အိတ်နဲ့အတူ ဆင်းခဲ့လိုက်တော့သည်

Before I Fall You[Completed]Where stories live. Discover now