470 31 6
နေအဂ္ဂါ အခန်းဆီပြန်လျှောက်လာတော့ ကုတင်ပေါ်မှာ ဆူပုတ်ပုတ်မျက်နှာဘေးနဲ့ထိုင်နေတဲ့ ညဏ်းဧကရာဇ်ကိုတွေ့တယ် သူကသိသိသာသာလေး အနားတိုးကပ်ထိုင်လိုက်ပြီး ညင်ညင်သာသာမေးလိုက်တယ်
"တော်တော်လေးလန့်သွားတယ်မဟုတ်လား ခေါင်းရောဘယ်လိုနေလဲ "
"ကိုက်တယ်"
နေအဂ္ဂါက သူ့လက်ချောင်းလေးတွေနဲ့ ညဏ်းဧကရာဇ် နားထင်ကို နူးနူးညံ့ညံ့လေးနှိတ်ပေးလိုက်တယ် သိသိသာသာပူ​နေတဲ့ ကိုယ်အပူချိန်ကြောင့် နေအဂ္ဂါ မျက်မှောင်ကြုံ့ရင်းနဲ့ နဖူးပြင်ကို သူ့လက်တွေနဲ့အုပ်မိုးလိုက်တယ်
"မင်း ဖျားနေတာလား"
"အင်း...ငါတော်တော်လေးနေမကောင်းဘူး"
ညဏ်းဧကရာဇ် ကနေအဂ္ဂါပုခုံးပေါ် သူ့မျက်နှာကိုအပ်ထားပြီး လေသံဖျော့ဖျော့လေးနဲ့ပြန်ပြောတော့ နေအဂ္ဂါက ခပ်တိုးတိုးရယ်လိုက်ရင်း
"ခွေးသားလေး နေမကောင်းမှကိုယ့်ကို ချွဲဖို့သတိရ"
ညဏ်းဧကရာဇ်က သူ့လက်တွေကိုဆန့်ထုတ်လိုက်ပြီး နေအဂ္ဂါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်းပြောလိုက်တယ်
"ချမ်းတယ်"
"အိပ်ယာပေါ်မှာ လှဲနေလိုက် ကိုယ်ရေပတ်တိုက်ပေးမယ်"
နေအဂ္ဂါက ညဏ်းဧကရာဇ် ကိုယ်ကိုအိပ်ယာပေါ် ညင်ညင်သာသာလေးလှဲချပေးချင်ပေမယ့် ညဏ်းဧကရာဇ်က လက်မခံဘူး နေအဂ္ဂါကို သူနဲ့အတူဆွဲလှဲပြီး တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ် နေအဂ္ဂါက ညဏ်းဧကရာဇ် နဖူးပေါ်ကျနေတဲ့ ဆံစတွေကို သူ့လက်ဖဝါးနဲ့အပေါ်ကိုပင့်တင့်လိုက်ရင်း နောက်တစ်ကြိမ် နဖူးကိုခပ်ဖွဖွစမ်းတယ်
"ကလေးလိုလုပ်မနေနဲ့ မင်းကိုယ်ကအရမ်းပူကျစ်နေပြီ မြန်မြန်ရေပတ်တိုက်ရမယ်"
သူ့စကားတွေကို ညဏ်းဧကရာဇ်ကတော့ နည်းနည်းလေးတောင် ခေါင်းထဲထည့်ပုံမပေါ် ပိုပြီးတောင်တင်းကြပ်နေအောင်ဖတ်လိုက်ပါသေးတယ် နေအဂ္ဂါကလည်း အလိုက်တသိငြိမ်ငြိမ်လေးပဲ ဖတ်ထားပေးလိုက်တော့တယ် သူအိပ်ပျော်သွားမှ ရေပတ်တိုက်လဲ သိပ်တော့နောက်မကျလောက်ပါဘူး
Before I Fall You[Completed]Where stories live. Discover now