အပိုင်း(၇) ကိုယ်မင်းကိုချစ်တယ်(ကိုယ္မင္းကိုခ်စ္တယ္)

526 33 8
                                    


တိတ်ဆိတ်နေတဲ့ စာသင်ခန်းထဲ "တင်"ခနဲမြည်တဲ့ဖုန်းသံက ကြီးစိုးသွားတော့ အပေါက်ဆိုးဆိုး လက်ချာဆရာက နှာခေါင်းထိချောကျအောင်တပ်ထားတဲ့ မျက်မှန်အောက်က​နေ
မျက်စောင်းထိုးကြည့်သည်

ညဏ်းဧကရာဇ်ဖုန်းကို ဖွင့်ကြည့်မိတော့ နေအဂ္ဂါဆီက messsageဖြစ်နေသည်

"ကိုယ်မင်းနဲ့ညစာတူတူစားလို့ရမလား"

"အိုခေလေ အိမ်ကိုပဲလာခဲ့ရမလား"

"မလာနဲ့ ကိုယ်မင်းတို့ကျောင်းရှေ့မှာစောင့်နေမယ် ကိုယ့်ကားထားခဲ့မှာမို့လို့ မင်းပဲယူခဲ့လိုက်တော့"

"အင်း"

အတန်းချိန်တွေအားလုံးပြီးတာနဲ့ ညဏ်းဧကရာဇ်က ရေကိုခပ်သွက်သွက်ချိူးလိုက်ပြီး ကျောင်းအပြင်ဘက်သို့ ကားမောင်းထွက်လာခဲ့သည် ကျောင်းအပြင်ရောက်တာနဲ့ သူ့ဟန်းဖုန်းကိုဖွင့်လိုက်ပြီးနေအဂ္ဂါဆီ ဖုန်းဆက်လိုက်တယ်

"နေအဂ္ဂါ မင်းရောက်​နေပြီလား"

"အင်း......မင်းရဲ့ညာဘက်မှာ"

ရယ်သံ​လေးအနည်းငယ်နှောနေတဲ့ နေအဂ္ဂါရဲ့လေသံအရ ဒီနေ့အတော်လေးစိတ်ကြည်နေပုံရသည် သူ့လှမ်းကြည့်မိတော့ ကျောင်းနံရံကို ခြေထောက်တစ်ဖတ်ထောက်ပြီးရပ်နေတဲ့အမျိူးသားကို ဘေးတစ်စောင်းအနေအထားနဲ့တွေ့လိုက်ရတယ် နေအဂ္ဂါက ပျော့အိနူးညံ့နေတဲ့ခပ်လွင့်လွင့်အနက်ရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီးတော့ ရှေ့ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားတာကြောင့် ဝင်းဝါစိုပြေတဲ့အသားအရေနဲ့လှပတဲ့ညှပ်ရိုးလေးကို ပိုပြီးပေါ်လွင်စေသည် ပြီးနောက်အနက်ရောင်လျှာထိုးဦးထိုးတစ်လုံးကိုခပ်ငိုက်ငိုက်ဆောင်းထားပြီး သူ့ဆီလှမ်းလာနေသည် နေအဂ္ဂါကခပ်မြန်မြန်ပဲ ကားတံခါးကိုဖွင့်ပြီး ညဏ်းဧကရာဇ်ဘေးတွင်ဝင်ထိုင်လိုက်သည်

"မင်းဘာစားချင်လဲ"

နေအဂ္ဂါကမေးလိုက်ပေမဲ့ ညဏ်းဧကရာဇ်က ပြန်မဖြေလာ သူ့မျက်လုံးအကြည့်က တစ်ဝက်တစ်ပြတ်ပေါ်နေတဲ့ ညှပ်ရိုးလေးပေါ်တွင်သာရှိသည်

"ညဏ်းဧကရာဇ်"

"ညဏ်း"

"ခွေးသားလေး "

Before I Fall You[Completed]Where stories live. Discover now