Intro

13.2K 803 17
                                    

#Unicode#

နှစ်ပေါင်း၈၀၀အိပ်ပျော်နေခဲ့ပြီးနောက်
ကြီးမြတ်တဲ့နတ်ဆိုးပိုင်ကျီ ဟာ၂၁ရာစုမှာ
နိုးထလာခဲ့တယ်။မမျှော်လင့်ထားဘဲ ခေတ်သစ်ကမ္ဘာကို နေရာအနှံ့ရှာကြည့်ပြီး
သိလိုက်ရတာကတော့ စိတ်ဝိညာဉ်သီး တွေဟာမျိုးသုဥ်းပျောက်ကွယ်သွားပြီဆိုဒါပါပဲ။သို့ရာ သူဗိုက်ဆာလွန်းလို့သေမတတ်
ဖြစ်နေချိန်မှာပဲ system ကရောက်ရှိလို့လာခဲ့တယ်။

"သင်ဟာကြီး​​မြတ်တဲ့ဗီလိန်ကြီး​အတွက်သေနတ်ဒဏ်ကာပေးခြင်းဖြင့် စိတ်ဝိညာဉ်သီးအလုံး၂၀ကိုရရှိမှာပါ။"

သူ့ကိုယ်ကိုကြည့်လိုက်တဲ့အခါ
ဆန်ခါနဲ့ရိုက်ထားသလိုအပေါက်တွေကိုတွေ့လိုက်ရတဲ့ ပိုင်ကျီ: "Oh"

(N:သေနတ်တွေနဲ့အပစ်ခံရလွန်းလို့ ဆန်ခါလို အပေါက်တွေဖြစ်ကုန်တယ်လို့ပြောတာပါ)

"ကြီး​မြတ်တဲ့ဗီလိန်ကြီးအတွက် ​ကြားခံအစားထိုးပေးခြင်းဖြင့် စိတ်ဝိညာဉ်ရည် ပုလင်း၅၀ ကိုရရှိမှာပါ။"

သူ့မျက်နှာပေါ်ကအနက်ရောင်ပြာတွေကိုထိလိုက်တဲ့ပိုင်ကျီ: "ပြီးပြီ"

( N:ဗုံးဖောက်ခံလိုက်လို့ရလာတဲ့ပြာတွေလို့ထင်တာပဲ။)

"ဗီလိန်သခင်ကြီးရဲ့အစား သေခြင်းတရားနဲ့တွေ့ဆုံပေးမယ်ဆိုရင်တော့ သင်ကို
ရာနဲ့ချီတဲ့ စိတ်ဝိညာဥ်သားရဲကင် တွေကိုလက်ဆောင်အဖြစ်ပေးမှာပါ။"

ပိုင်ကျီသူ့ကိုယ်ထဲစိုက်ဝင်နေတဲ့ဓားကြီးအားတိတ်တဆိတ်ပဲဆုပ်ကိုင်လိုက်ကာ
”အသားကင်ကအရမ်းစပ်ရမယ်နော်"

ယုံမှားဖွယ်မရှိတဲ့ဗီလိန်ကြီး: "မင်းကငါ့ကိုအဲ့လောက်ကြိုက်နေမှတော့ ငါမင်းအတွက် ၉ဒေါ်လာတန် လက်ထပ်လိုင်စင် ရယူဖို့အခွင့်အ​ရေးပေးမယ်"

အသားကင်တွေရဲ့အလယ်မှာနေပြီးတိတ်တိတ်လေးကိုက်စားနေတဲ့ ပိုင်ကျီ: "Ah?"

ပြဇာတ်ရုံငယ်လေး:

ဗီလိန်အစားအထိုးခံပေးလိုက်တဲ့ပိုင်ကျီ____

ပိုင်ကျီရဲ့အတွေး: "လူသားတွေရဲ့အားကပျော့လွန်းတယ်"

အဆိုပါထိုးနှက်ချက်: "ငါဒီလောက်ထိုး​တာတောင်သူကဘာလို့မသေသေးတာလဲ"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now