Arc(4) ကျောင်းလူဆိုးလေး /27.1/

1.1K 232 6
                                    

#Unicode#

ဒါတွေက Systemရဲ့အမှားမဟုတ်ဘူးဆိုတာ ပိုင်ကျီ သိပင်မဲ့ အနည်းငယ်တော့ ထိတ်လန့်နေသေးသည်။သူ ကျီ​ကွေ့ချန် လက်မောင်းကိုကိုင်ပြီး တိုးတိုးလေးပြောလိုက်သည်

"တောင်းပန်ပါတယ်"

ကျီကွေ့ချန် သူ့ကို လျစ်လျူရှုထားပြီး
နောက်လာမည့်အတန်းအတွက် စာအုပ်တွေပြင်ဆင်နေသည်။

ပိုင်ကျီ စိတ်ပျက်သွားပြီး ကျီကွေ့ချန်ဆီက အိမ်စာစာအုပ်ကိုပြန်ယူကာ ခေါင်းငုံ့၍ အချိန်အကြာကြီး စိုက်ကြည့်နေလေသည်။ထိုစဥ်  ရုတ်​တရက်​ ပိုင်ကျီ့နောက်ဘက်မှ လက်တစ်ဖက်ဆန့်တန်းလာပြီး ပိုင်ကျီ့လက်ထဲရှိ စာအုပ်ကိုဆွဲယူသွားသည်။

ပိုင်ကျီ လန့်သွားပြီး "ဟေး!"

လော့လဲ့ ခါးသီးမျက်နှာဖြင့် သူ့နောက်တွင်ရပ်နေကာ သူ့ဘေးနားရှိ ကျောင်းအုပ်ဆရာကို လက်ညှိုးထိုးပြလာသည်။

အိမ်စာစာအုပ်ရှိ စာရွတ်တွေကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်ရင်း လျှိုကျုံး​ရဲ့ မျက်နှာသည် မည်းမှောင်လာတော့သည်။ထို့နောက် သိသိသာသာကို ဒေါသထွက်နေသောအသံဖြင့်ပြောလာသည်

"ဒါ ဘယ်သူလုပ်တာလဲ"

ပိုင်ကျီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ ဆရာဘာကိုဆိုလိုသည်ကို နားမလည်လိုက်ပေ။

ထိုစဥ် သူ့​နောက်​ဘက်မှ ကျီကွေ့ချန်၏အသံထွက်ပေါ်လာသည်။ထိုင်ခုံကို ပြန်တွန်းလိုက်၍ မတ်တပ်ရပ်လိုက်ပြီး အလွန်တည်ငြိမ်သောလေသံဖြင့် ပြောလာသည်

"မတော်တဆ ဖြစ်သွားတာပါ"

လျိုကျောင်း ထိုစကားကိုကြားတော့ ပေါက်ကွဲတော့သည် "ကျောင်းသားတစ်ယောက်အနေနဲ့ ဒီဆရာက မင်းကို အမှတ်တွေအရမ်းကောင်းနေဖို့ မတောင်းဆိုပါဘူး၊ ဒါပေမယ့် မင်းမှာမှန်ကန်တဲ့ သဘောထားရှိရမယ်။မင်းရဲ့ အိမ်စာတွေကို မင်းဘယ်လိုသဘောထားနေတာလဲ။ မင်း-"

"သူ မလုပ်ဘူး!"

ပိုင်ကျီ အလျင်စလို ကြားဖြတ်ဝင်ပြောလိုက်ပြီး သူ့ထိုင်ခုံမှထကာ အနည်းငယ် စိုးရိမ်တကြီးဖြင့် "ကျွန်တော် လုပ်လိုက်တာပါ"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now