Arc(1) ရုပ်ရှင်ဧကရာဇ် /5.2/

3.2K 693 16
                                    

#Unicode#

//ကျွန်တော့်အိမ်လိုက်ပြီးကျွန်တော်စကပ်ဝတ်ပြတာကြည့်ချင်လား?//

ဖန်ကျင်းမော့:"......"

"ရပါတယ် ကျေးဇူး"

ဖန်ကျင်းမော့သည်အနုပညာအသိုင်းထဲတွင်ဝါရင့်သူဖြစ်သည့်အထိုက် ဒီလိုအခြေနေမျိုးမှာတောင် သူ့အမှုယာမှာပြောင်းလဲသွားခြင်းမရှိပေ။

"ငါလုပ်စရာတွေရှိသေးတယ်"

နောက်ဆုံးတော့ရုပ်ရှင်လည်းပြီးသွားခဲ့ပြီး
ဖန်ကျင်းမော့ ပိုင်ကျီကိုလူကြီးလူကောင်းဆန်စွာအိမ်ပြန်လိုက်ပို့ခဲ့သည်။ဖန်ကျင်းမော့
ပိုင်ကျီထိုင်ခုံခါးပတ်ဖြုတ်နေတာကိုကြည့်ရင်းရုတ်တရက် သူဒီနေ့လာရတဲ့ရည်ရွယ်ချက်ကိုသတိရသွား​တော့သည်။

'သူ့နဲ့ရင်းနှီး​အောင်နေကြည့်၊သူမင်းကို အကွက်ချတာမခံရစေနဲ့'
ကိုယ်စားလှယ်ရဲ့စကားတွေကိုဖန်ကျင်းမော့စိတ်ထဲကနေပြန်ကြားလာသည်။
ဖန်ကျင်းမော့ပိုင်ကျီ့ကိုခေါ်လိုက်သည်:

"တုကျန်း"

"အင်း?"
ပိုင်ကျီချက်ချင်းပြန်လှည့်ကြည့်လာသည်။
ပိုင့်ကျီ့ရဲ့မျက်လုံးတွေထဲမှာဖန်ကျင်းမော့ရဲ့ပုံရိပ်ကအရောင်ပြန်နေလေသည်။

ဖန်ကျင်းမော့ရုတ်တရက်ဘာမှမပြောနိုင်
တော့ပဲခဏမျှတိတ်ဆိတ်သွားသည်။

"လုံလုံခြုံခြုံနေ"

ပိုင်ကျီ သူ့အတွက်စိုးရိမ်ပေးနေတာကိုကြားတော့ တောက်ပစွာပြုံးပြလာပြီး "okey!"

ပိုင်ကျီအိမ်ထဲဝင်လာပြီး ထိုင်လို့အပြီးမှာပဲ
သူတစ်ခုခုကိုရုတ်တရက်မှတ်မိသွားတော့တယ်။

"နေပါအုံး ငါ့လည်စည်းနဲ့maskကအခုထိကားထဲမှာပဲရှိသေးတယ်"

ပိုင်ကျီreality show ဒုတိယအပိုင်းရဲ့အလယ်လောက်မှာပဲရှိနေသေးတုန်းက [Night scene]ကိုပြသခဲ့ပြီးသွားပါပြီ။ဒါကြောင့်သူ့ရဲ့ ပွဲဦးထွက် တုန့်ပြန်မှုတွေက
အင်တာနက်မှာပေါက်ကွဲသလိုဖြစ်နေပြီဆိုတာမသိသေးချေ။

"လင်းကျင့် ရဲ့ဇာတ်ညွှန်းတွေကတော့ထုံးစံအတိုင်းပုံမှန်နဲ့ကွဲထွက်နေတုန်းပါဘဲလား
ah..ဇာတ်လိုက်နဲ့ဇာတ်လိုက်မကဘာဖြစ်သွားတာလဲ ဘယ်သူကရောဆိုးသွမ်းတဲ့သူလဲ?ဒါပေမယ့် ထူးခြားပြီးမိမိုက်နေတုန်းပဲနော်"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Onde histórias criam vida. Descubra agora