Arc(1) ရုပ်ရှင်ဧကရာဇ် /7/

3.5K 656 14
                                    

#Unicode#

//ဝန်ခံခြင်း//

အဖွဲ့ရဲ့နောက်ထပ်မစ်ရှင်တစ်ခုက အကင်စား
​ကြ​ခြင်းဖြစ်တယ်။သူတို့ရဲ့ နေ့လည်စာပြဿနာကိုဖြေရှင်းဖို့လိုသည်လေ။

ဖန်ကျင်းမော့ ကကူညီဖို့သွားပေမယ့်သူ့ကိုဘယ်သူကမှပင်ပန်းတဲ့အလုပ်မခိုင်းရဲကြပေ။ဖန်ကျင်းမော့ ဟိုယောင်ယောင်သည်ယောင်ယောင်နဲ့ပါဝင်ပစ္စည်းတွေကိုလှည့်ပတ်ယူလိုက်သည်။ထို့နောက် ပိုင်ကျီနဲ့ လျို့ယီ တို့အဖွဲ့ဆီသွားပြီးယူလာတဲ့ တံကျင်တွေကို အနီးနားရှိပန်းကန်ထဲရောထည့်လိုက်တယ်။ထို့​နောက် အလွန်ယဥ်ကျေးစွာပဲမေးမြန်းလာသည်

"ငါတို့အတူစားကြမလား"

လျို့ယီ ပါဝင်ပစ္စည်းတွေနဲ့ပြည့်သွားတဲ့ပန်းကန်ကိုကြည့်လိုက်သည်။သူမရဲ့အဖွဲ့သား ပိုင်ကျီကတော့ ဘာမှမပြောပဲ ကြက်ဆန်ကောက်သလိုခေါင်းပဲဆတ်ဆတ်ညိတ်ပြလာသည်။

ဖန်ကျင်းမော့ အလွန်ပျော်ရွှင်သွားပြီး လုပ်ငန်းစတင်တော့သည်။ ပါဝင်ပစ္စည်းတွေနဲ့ တံကျင် တွေကိုဆေး​ကြောတယ်
ပြီးတာနဲ့ အစီစဥ်တကျ ဂရုတစိုက်နဲ့ပဲ အားလုံးကို အကင်ဖိုပေါ်တင်
လိုက်ပါတော့သည်။ပိုင်ကျီကတော့ ရံဖန်ရံခါဖန်ကျင်းမော့လိုအပ်တာတွေကိုမေးကာ
ကူပေးသည်။

ဖန်ကျင်းမော့ ကြက်အမွှေးတွေကိုရိတ်လိုက်ပြီး ကြက်ရင်အုံပေါ်ကို ဟင်းခတ်အမွှေးဆီသုတ်လိမ်းသည် ထို့​​နောက် တောက်ပနေတဲ့ ငရုတ်ကောင်းမှုန့်တွေဖြူးချလိုက်တယ်။ကင်နေစဥ်အတောတွင်းမှာလည်း
မမေ့မလျော့နဲ့ သောက်စရာ တစ်ခုထုတ်ပြီးသောက်နေလိုက်သေးသည်။ထို့နောက်
ပိုင်ကျီ့ကိုလှမ်းပေးလိုက်ပြီး နှုးညံ့ စွာပြောလာသည်

"ဒါကိုယူပြီးဟိုဘက်မှာသွားထိုင်နေ၊မီးခိုးမမိစေနဲ့"

ပိုင်ကျီလည်း အူ​ကြောင်ကြောင်လေး နဲ့ခေါင်းငြိမ့်ပြလိုက်ပြီး ပုလင်းလေးကိုင်ကာ သွားထိုင်နေတော့သည်။

အလုပ်တွေရှုပ်နေပြီးချွေးတစ်လုံးလုံးနဲ့
လျို့ယီ တစ်ယောက် အမှတ်မထင်လှည့်
ကြည့်မိလိုက်တော့:"........"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now