Arc(4) ကျောင်းလူဆိုးလေး /28.2/

1.1K 223 8
                                    

#Unicode#

ပိုင်ကျီအကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပေမယ့် စကားနည်းနည်းလေးတောင်ထပ်မပြောတော့ပေ။ပိုင်ကျီ ခေါင်းလေးငုံ့ကာ ကျီကွေ့ချန် နောက်သို့နီးနီးကပ်ကပ် လိုက်သွားတော့သည်။

မရည်ရွယ်ပေမယ့် ခြေဖနောင့်ကို ခဏခဏအနင်းခံနေရသော ကျီကွေ့ချန်လည်း မတတ်သာသည့်အဆုံးနောက်လှည့်လာတော့သည်။

"အတိကျကို မင်းဘာ​ဖြစ်ချင်နေတာလဲ"

"ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်" ပိုင်ကျီ အရင်က သူ့အတွေးတွေကိုပြောပြလိုက်သည် "မင်းတစ်ယောက်တည်းနဲ့ပဲ"

ကျီကွေ့ချန် လမ်းလျှောက်နေတာ ရပ်သွားပြီး စကားပြန်မပြောခင်နေ့တစ်ဝက်လောက်ကြာသွားသည် “ရှဲ့စီလျို မင်းကစားဖို့လူတစ်ယောက်ရှာနေတယ်ဆိုရင်တောင် ငါ့ကိုလာမလှည့်စားနဲ့”

"ငါစိတ်လွတ်သွားရင် ဘာတွေလုပ်မလဲဆိုတာ ငါကိုယ်တိုင်တောင်မသိဘူး"

 ကျီကွေ့ချန်၏ စကားများသည် အလွန်အေးစက်ပြီး ဒေါသများ ပြည့်နှက်နေသည်။

ပိုင်ကျီ ကြောင်အသွားကာ ခဏမျှမတုန့်ပြန်လိုက်နိုင်ပေ။ကျီကွေ့ချန် ရှေ့သို့ဆက်လျှောက်သွားကာ သူတို့ကြားအကွာဝေးအား ခပ်ခွာခွာထားလိုက်သည်။ပိုင်ကျီ မျက်တောင်ခတ်လိုက်ကာ ထိုသူ့နောက်သို့ချက်ချင်းလိုက်သွားလိုက်သည်။

ဒီခွေးလေးကို အခုလေးတင်ပြောလိုက်တဲ့စကားကြောင့် ရင်ပြည့်နေလောက်ပြီလို့ထင်နေသည့် ကျီကွေ့ချန် "... မင်း?"

“ငါ့ရဲ့မကောင်းတဲ့အကျင့်တွေကို ရွှေဇလုံနဲ့ဆေးကြောပြီး မှန်ကန်တဲ့ဘက်ခြမ်းကိုပြန်သွားတော့မှာပါ” ပိုင်ကျီ လေးနက်သောအမူယာဖြင့်ပြောသည် "ကျီကွေ့ချန် ငါအဲ့တာကို သက်သေပြဖို့အတွက် မင်းငါ့တစ်ဘဝလုံးကိုစောင့်ကြည့်နေပေးပါလား"

ကျီကွေ့ချန် ပိုင်ကျီ့အမူအရာကိုကြည့်ကာ
ထိုခဏ၌ ထူးခြားသောခံစားချက်ဖြစ်ပေါ်လာသည်
"စာတွေအဖတ်လွန်ပြီး မင်းဦးနှောက်ပျက်သွားပြီလား"

ချိုအီနေသောအချစ်စကားများကို ခက်ခက်ခဲခဲထုတ်ပြောထားရသော ပိုင်ကျီ "…"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now