Arc(1) ရုပ်ရှင်ဧကရာဇ် /3/

3.5K 656 15
                                    

#Unicode#

//အိုးမည်းတစ်လုံးအားမခြင်း//

တိတ်ဆိတ်ခြင်းတို့ကြီးစိုးသွားသည်။

သူတို့ရဲ့အကြံအစည်က လမ်းမှားရောက်နေ​ပြီလို့ပိုင်ကျီခံစားမိလိုက်သည်။

"Systemဦးလေးကြီး ဘာဖြစ်တာလဲဟင်"

"ဗီလိန်က မင်းသစ္စာရှိမရှိကိုစမ်းသပ်နေတာ"
ဘာမှစိုးရိမ်မနေနဲ့ ပြောစရာရှိတာပြောလိုက်တော့"

"ဘာပြောရမှာလဲ?" ပိုင်ကျီထိတ်ထိတ်ပျာပျာနဲ့systemကိုမေးလိုက်​တော့
Systemကတော့စကားဆိုမလာတော့ပါ​ပေ။

ဖန်ကျင်းမော့ သူ့​ရှေ့ကသူပြောလာမှာကိုစိတ်ရှည်ရှည်နဲ့စောင့်နေပေမယ့်
အချိန်တစ်ခုကြာတဲ့အထိပြန်ပြောမလာတော့ သူရူပ်ထွေးချင်သွားတယ်။နောက်ဆုံးတော့သူကောက်ချက်ချလိုက်တော့တယ်။

'သူ့မျက်လုံးတွေကငါ့ကိုတည့်တည့်မကြည့်ဘူး သူရှက်နေတာပဲ။

သူ့စကားတွေက ထစ်နေပြီး ပြီးအောင်တောင်မပြောနိုင်တော့ဘူး။ ကျစ်. သူစိတ်လှုပ်ရှားနေတာ။

ထီးကိုငါ့ဘက်စောင်းပေးထားတာဘဲ။
အမ်း သူငါ့ကိုကြိုက်နေတာပဲ။'

ဘာဖြစ်ပဲဖြစ်ဖြစ် ငါလည်းသူ့ကိုမုန်းတာမှမဟုတ်တာဘဲ​လေ။နောက်မှသူ့ကို ပါးပါးနပ်နပ်လေးနဲ့ငြင်းလိုက်မယ်။

"သွားကြစို့" ဖန်ကျင်းမော့ပြောလာတယ်။

"Oh oh. ."ပိုင်ကျီစိုးရိမ်နေတာတွေကနေလွှတ်မြောက်သွားပြီး ဖန်ကျင်းမော့ အတွက်ထီးစောင်းပေးခြင်းအလုပ်ကိုဘဲစိတ်နှစ်ပြီးလုပ်ပေးလိုက်တော့သည်။

နှစ်ယောက်သား စကားမပြောဘဲတိတ်ဆိတ်နေကြရာ ရိုက်ကွင်းကထွက်လာကတည်းကလေထုဟာလည်းစိမ်းသက်နေသည်။လမ်းထိပ်တွင်ရပ်ထားသောအနက်ရောင်ကားလေးကိုလှမ်းမြင်နေရသည်။

ဖန်ကျင်းမော့ တစ်ခုခုပြောရတော့မယ့်အချိန်ရောက်ပြီဟုထင်ကာ မျက်မှောင်ကျုပ်လိုက်ပြီး "တုကျန်း"

"ရှိပါတယ်!" ပိုင်ကျီချက်ချင်းပြန်ဖြေလာသည်။

ဖန်ကျင်းမော့စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်ပြောလာသည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now