Arc(4) ကျောင်းလူဆိုးလေး /26.2/

1.2K 249 9
                                    

#Unicode#

ပိုင်ကျီ အိမ်ပြန်ရောက်ပြီးနောက် နာခံစွာပင်
ကျောပိုးအိတ်ကို ချလိုက်ကာ ထမင်းစားစားပွဲတွင် ထိုင်လိုက်သည်။ထို့နောက် ရေအနည်းငယ်သောက်လိုက်ကာ သူငယ်ချင်းတချို့နဲ့အတူ စားခဲ့ပြီးပြီဟု အကြောင်းပြကာ ကျောပိုးအိတ်ကို သယ်ကာသူ့အခန်းထဲဝင်သွားတော့သည်။

မားမားရှဲ့နှင့် ပါးပါးရှဲ့ ခေတ္တမျှရှုပ်​​​ထွေး​နေ
ပြီးတိတ်ဆိတ်သွားကြသည်မှာ ပါးပါးရှဲ့ပြောလာသည်အထိပင်
"ဒီနေ့ ငါတို့သားလေးက လိမ်မာယဥ်ကျေးနေတယ်လို့ ငါဘာလိုခံစားနေရပါလိမ့်"

"အဲဒါ ကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား?
ကျွန်မတို့သားလေး ကြီး​ပြင်းလာပြီ"

ပိုင်ကျီ အပြင်ဘက်ရှိလူကြီးနှစ်ယောက်အား ကျေနပ်အားရစေသည်ကို သတိမထားမိဘဲ ကျီကွေ့ချန်၏ စုတ်ပြဲနေသော အိမ်စာများကိုစီရန် အလုပ်များနေသည်။ လက်ထဲမှာ ကော်ကိုကိုင်ထားကာ စာရွက်တွေကို ပြန်ဆက်ဖို့ ပြင်ဆင်လိုက်သည်။

"ဦးလေး ဒီတစ်ပိုင်းက ဘယ်ရောက်သွားပြီလဲ"

ပိုင်ကျီ လက်ထဲရှိ စာရွက်တစ်ရွက်ကို ကိုင်ထားပြီး ဘယ်ညာကြည့်လိုက်သည်။System လျင်မြန်စွာထွက်လာပြီး စာရွက်ကို စက်၏လက်တံဖြင့် ဖိလိုက်သည်
"Systemရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဒီအပိုင်းကို ဒီမှာထားသင့်တယ်။ကြည့်လိုက်...."

System၏ လမ်းညွှန်မှုအောက်တွင် ပိုင်ကျီ စားပွဲ​ပေါ်သို့မီးအိမ် တင်လိုက်ပြီး စာရွက်များကို ဂရုတစိုက်နှင့် အာရုံစူးစိုက်စွာ ပြန်ဆက်လိုက်သည်။မီးအိမ်မှထွက်ပေါ်လာသည့် အဝါရောင်လင်းဓာတ်တို့မှာ နွေးထွေးပြီးသက်သောင့်သက်သာခံစားချက်အားလွှင့်ထုတ်နေသည်။ထိုအလင်းရောင်အောက်တွင် နတ်ဆိုး​လေးတစ်ကောင်နှင့် Systemတို့
ညသန်းခေါင်အထိအိမ်စာ စာရွက်များကို အတူတူပြန်ဆက်ပြီးစီးသွားကြသည်။

"ပြီးသွားပြီ!" ပိုင်ကျီ ခက်ခက်ခဲခဲ ပြန်ဆက်
ထားသည့် အိမ်စာစာအုပ်တွေကို ဝမ်းသာအားရ ကြည့်ရင်း သူ့နှလုံးသားက ချိုမြိန်နေသလို ခံစားလိုက်ရသည်
"ကျွန်တော်အထင် ဒါတော်တော်ကောင်းတာပဲ။မနက်ဖြန် ကျီကွေ့ချန် ကို ပြန်ပေးလိုက်မယ်။အဲ့ခါကြ သူ့အိမ်စာတွေ မထပ်နိုင်တော့မှာကို စိတ်ပူနေစရာ မလိုတော့ဘူး။"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now