Arc(2) No.(1) Host /9/

4.4K 555 29
                                    

#Unicode#

//ပိုက်ဆံ​တွေနဲ့ လူ​တွေကို​ပစ်ပေါက်​မယ်/

နံရံမျက်နှာပြင်ကို သစ်သားဖြင့် လှပလက်ရာမြောက်စွာ ပုံဖော်အလှဆင်ထားပြီး
crystal အလင်းရောင်တို့နှင့်အတူသာယာ
ကြည်နှုးဖွယ်တယောသံလေး
တွေက ငြိမ့်ညောင်းစွာစီးဆင်းနေကာ
​နံရံတစ်လျှောက် ပန်းတို့ဖြင့် အလှဆင်ထားသည်။
(T:နည်းနည်းရွှီးထားတယ်😅)

ပိုင်ကျီစားသောက်ဆိုင်ရဲ့ထောင့်တစ်နေရာမှာထိုင်​နေသည်။သူ့ရှေ့မှာတော့ ဇောက်ထိုး
ဖြစ်နေတဲ့ ဖက်ရှင်မဂ္ဂဇင်းတစ်အုပ်ရှိနေပြီး​
သူကတော့ အရှေ့ကိုပဲစူးစူးစိုက်စိုက်ကြည့်နေသည်။

လှိုင်းအတွန့်ပုံ ဆံပင်နဲ့အထက်တန်းစားအမျိုးသမီးတစ်ဦးရှိ​နေပြီး သူမရဲ့အနက်ရောင်ဂါဝန်သည်သူမရဲ့ကျက်သရေရှိသောခန္ဓာကိုယ်နှင့်လိုက်ဖက်စွာအချိုးကျနေပြီးသူမရဲ့လှုပ်ရှားမှုတိုင်းဟာလည်းကြော့ရှင်းနေသည်။

သူမရဲ့မျက်နှာချင်းဆိုင်မှာအက်ျီအဖြူရောင်ဝတ်ထားတဲ့အမျိုးသားတစ်ဦးရှိနေသည်။ထိုအမျိုးသားရဲ့မျက်နှာဟာ အမျိုးသမီးနှင့်ကွယ်နေပြီးစားပွဲပေါ်မှာတင်ထားတဲ့သူ့ရဲ့လက်ကိုသာပိုင်ကျီမြင်နေရသည်။

ထိုသူရဲ့လက်ချောင်းတွေကသွယ်လျပြီးလက်ဆစ်တွေကလည်းထင်ထင်ရှားရှားပေါ်လွင်နေသည်။

ဒါကတော်တော်လေးကိုကြည့်ကောင်းတဲ့လက်တွေပဲ။

"Sir ဘာများမှာယူချင်လဲရှင့်"

ပိုင်ကျီ့ အကြည့်တွေကိုအမျိုးသမီးတစ်ယောက်ရဲ့အသံကကြားဖြတ်လာသည်။

ပိုင်ကျီ လှည့်ကြည့်လိုက်တော့ပြုံးပြနေတဲ့
စားပွဲထိုးမလေးကိုတွေ့လိုက်ရပြီး
ခဏမျှစဥ်းစားလိုက်ကာ:

"အွန်........မင်းကောင်းမယ်ထင်တဲ့ဟာပေါ့တစ်ယောက်စာပဲချပေးပါ"

"ဟုတ်ကဲ့၊တခြားဘာတွေများမှာချင်သေးလဲ sir?"

"မလိုတော့ဘူး၊မလိုတော့ဘူး"ပိုင်ကျီ
သူမကိုမြန်မြန်ထွက်သွားစေချင်နေသည်။

ဒါဆိုအားလုံး¥1300ကျပါတယ်၊ကျေးဇူးတင်ပါတယ်ရှင့်။
(* ¥1,300 = £146.36 = $201.02)

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now