Arc(3) ဗိုလ်ချုပ်ကြီး /25/

1.9K 317 18
                                    

#Unicode#

ပိုင်ကျီ ခါးထောက်ထားပြီး တစ်ဖက်သို့လှည့်ကာ 'ဟမ့်' ဆိုပြီးအသံထွက်လိုက်သည်။ ထို့​နောက် ထွက်ပြေးချင်းအမှုမှာပဲ အာရုံစိုက်​​ဖို့လိုက်လုပ်သည်။

ဝမ်ကျုးကျီ ဘာပြန်ပြောရမှန်း မသေချာတော့ပေ “….”

"အရှင်မင်းသား ဒါကစနောက်စရာကိစ္စမဟုတ်ပါဘူး"

ဝမ်ကျုးကျီ သက်ပြင်းချလိုက်ပြီး ပိုင်ကျီ့ ခေါင်းလေးကို ပွတ်ကာ “အခုပြန်သွားတော့နော် လိမ်မာတယ်”

"ကျွန်​တော် နောက်နေတာမဟုတ်ဘူး အတည်ပြောနေတာ" ပိုင်ကျီ အနီးနားတွင် ရပ်နေသော systemကို ညွှန်ပြရင်း ပြောလာသည်။ “သူ ရုပ်ဆိုးနေတာကို စိတ်ထဲမထားပါနဲ့ဗျာ၊ အမှန်တော့ သူကတကယ်ကို​တော်တဲ့
ယာဥ်ပါ။အနည်းဆုံးတော့ ကျွန်တော်တို့လွတ်မြှောက်အောင် သူလုပ်ပေးနိုင်ပါသေးတယ်”

System ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်
"ဟုတ်တယ် ဟုတ်တယ် အမှန်ပဲ
ငါကအရမ်းတော်တယ်"  ခဏအကြာတွင် သူသတိထားမိသွားကာ
"ဟေး နေပါအုံး!ဘယ်သူက ရုပ်ဆိုးတာလဲ!"

ဒီsystemက ပို၍ပို၍ပင် အားမကိုးရဘူးဟု ထင်လာသော ဝမ်ကျုးကျီ “….”

"အရှင်မင်းသား ဒါ....."

"ခင်ဗျား ကျွန့်တော့် ကောင်းကျိုးအတွက်ပါဘာညာဆိုပြီး ပြောလာလို့ကတော့ ကျွန်တော်စိတ်ဆိုးမှာ" ပိုင်ကျီ ကြားဖြတ်ပြောလာသည်။
"ဝမ်ကျုးကျီ ခင်ဗျားကိုကျွန်တော် အမှန်တိုင်းပြောမယ်။ခင်ဗျားသာ မရှိရင် ကျွန်တော့်ဘဝမှာပျော်ရွှင်မှုတွေလဲ ရှိတော့မှာမဟုတ်ဘူး"

ပိုင်ကျီ နှုတ်ခမ်းကိုက်လိုက်ကာ ဖြည်ဖြည်းချင်း လက်ဆစ်ချိုးနေရင်း "ခင်ဗျား ဒါကိုသိပြီးတာတောင် ဒီမှာနေခဲ့ဖို့ပဲရွေးချယ်နေအုံးမှာလား"

သူ့ရှေ့တွင် ရပ်နေသောလူသည် ခေါင်းမာမာဖြင့် ပြတ်သားစွာ သူ့လက်တွေကို ဆုပ်ကိုင်ထားသည်။ခဏမျှ စိုက်ကြည့်နေခဲ့ပြီး
ဝမ်ကျုးကျီ သူနဲ့ပိုင်ကျီတို့အဖမ်းခံခဲ့ရသည့်နေ့ကို ပြန်သတိရလိုက်မိသည်။

သူ့ရှေ့တွင်ရပ်နေကာ ဓားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့အသက်ကိုတောင်ဂရုမစိုက်ပဲ သူ(ဝမ်ကျုးကျီ)ကို ကာကွယ်ပေးနေခဲ့သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now